BEC-TERO TV

ဘတ်မန်းဝတ်စုံကြီးနဲ့ Tik Tok မှာ အပီအပြင်ဒွန့်ပြလိုက်တဲ့ စည်သူပလပ်ကျွတ်

13 Feb 2019     1,494 Views


ယနေ့ခတ် ဆိုရှယ်မီဒီယာဖေ့စ်ဘွတ်ကို သုံးစွဲကြသူများကြားထဲတွင် သူမတူတဲ့ပုံစံတွေ ဆန်းပြားထွေလီမှုတွေနဲ့ တမဟုတ်ချင်း နာမည်ကြီးလာသူတွေအများအပြားထဲကမှ စည်သူပလပ်ကျွတ်ကိုတော့ အွန်လိုင်းသုံးစွဲသူတိုင်းသိကြမှာပါ။ စည်သူပလပ်ကျွတ်ဟာဆိုရင် အနုပညာဝါသနာပိုး အရင်းခံပါသူဖြစ်ပြီး ဗီဒီယိုသရုပ်ဆောင်အပြင် သီချင်းတွေပါသီဆိုလေ့ရှိတဲ့ အဆိုရှင်ဖြစ်ပါတယ်။ ကိုယ်ပိုင်တေးသီချင်းတွေလဲ ထွက်ရှိထားပြီး နယ်ရှိုးပွဲတွေမှာလိုက်လံဖျော်ဖြေနေရာမှ ယခုဆိုရင်ရန်ကုန်ရှိုးတွေမှာပါ ပါဝင်သီဆိုဖျော်ဖြေနေရပြီပဲဖြစ်ပါတယ်။

စည်သူပလပ်ကျွတ်ကို ပရိသတ်တွေစတင်ထားမိခဲ့တာကတော့ ကြောင်နက်ရှင်လိုလို အနီရောင်ခြုံထည်ဝတ်စုံကြီးဝတ်ပြီး သူရဲကောင်းတစ်ဦးအဖြစ်ရုပ်ရှင်ရိုက်ကူးနေတဲ့ ရိုက်ကွင်းပုံရိပ်တွေကြောင့် အွန်လိုင်းပရိသတ်တွေကြား ဟာသအဖြစ်နဲ့နာမည်ကြီးသွားတာပဲဖြစ်ပါတယ်။ ၀တ်စားမှုဖက်ရှင်နဲ့ပတ်သက်ရင် အမြဲတမ်းဆန်းပြားနေတဲ့ စည်သူပလပ်ကျွတ်ဟာဆိုရင် “သူများနဲ့မတူအောင်လုပ်ပြနိုင်မှ ထင်ပေါ်ကျော်ကြားမယ်”ဆိုတဲ့ အတွေးကိုလက်ကိုင်ထားရှိသူလည်းဖြစ်ပါတယ်။ ဒါ့ကြောင့်ပင် သူ့ရဲ့ဖက်ရှင်ဝတ်စုံတွေက အများထက်တစ်မူပိုကာ ခွဲထွက်နေရခြင်းပဲဖြစ်ပါတယ်။

တစ်ခါကလည်း ရှိုးပွဲတစ်ခုမှာ ဟောလိဝုဒ်က နာမည်ကြီးဟီးရိုးဇတ်ကောင်ဖြစ်တဲ့ စပိုက်ဒါမန်းဝတ်စုံကြီးဝတ်ပြီး တက်ရောက်ဖျော်ဖြေခဲ့ပါတယ်။ ထိုအချိန်မှစကာ ပရိသတ်တွေကြား မြန်မာ့သူရဲကောင်းကြီးအဖြစ်ကနေ စူပါဟီးရိုးကြီးအဖြစ်ပြောင်းလဲ နာမည်ကြီးလာတာပဲဖြစ်ပါတယ်။ ထိုဝတ်စုံကြောင့် ဖေ့စ်ဘွတ်တစ်ခွင် ဝေဖန်ပြောဆိုသံတွေ ဆူညံနေခဲ့ပေမယ့် အားပေးသူပရိသတ်တွေလည်းရှိခဲ့တာကြောင့် စည်သူပလပ်ကျွတ်ကတော့ ဘယ်အရာမှမမှုပဲ ကိုယ်လုပ်ချင်တာကိုယုံယုံကြည်ကြည်နဲ့ ရှေ့ဆက်လုပ်ဆောင်ခဲ့ပါတယ်။

စပိုက်ဒါမန်းဝတ်စုံဝတ်ပြီးနောက်မှာတော့ Black Panther ၀တ်စုံကိုဝတ်ဆင်ခဲ့ပြီး ဟောလိဝုဒ်တင်အားမရလို့ ဂျပန် Enemi ဇတ်ကောင်တွေဘက်လှည့်ကာ Naturo ထဲက ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Hitachi ၀တ်စုံကိုပါ ၀တ်ဆင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဆဲဆိုဝေဖန်သံတွေက ပွက်လောရိုက်လာခဲ့ပါတယ်။ ဘယ်လိုပင် ပြောဆိုကြပါစေ မေတ္တာသာထားပြီး လူတိုင်းကိုအပေါ်ချစ်တဲ့စိတ်လေးသာထားရှိတဲ့ စည်သူကတော့ သိပ်မကြာခင်ရက်ပိုင်းက အားလုံးစောင့်မျှော်နေကြတဲ့အတိုင်း ဘတ်မန်းဝတ်စုံကြီးကို ထည်ထည်ဝါ၀ါဝတ်ပြခဲ့ပါတယ်။ ဘတ်မန်းဝတ်စုံတင်မဟုတ်ပဲ ဆိုင်ကယ်ပါစီးပြီး တကယ့် DC စူပါဟီးရိုးကြီးတစ်ယောက်လို ရုပ်လုံးသွင်းလာတာကြောင့် DC ဖန်စစ်စစ်တွေကတော့ စိတ်ပျက်စွာထိုင်ငိုနေကြလောက်ပါပြီ။ သို့ပေမယ့် စည်သူပလပ်ကျွတ်ဘက်ကနေ အားပေးထောက်ခံသူတွေလည်း အများအပြားရှိလာပါတယ်။

ဒီတစ်ခါမှာတော့ စည်သူတစ်ယောက် ဘတ်မန်းဝတ်စုံကြီးဝတ်ကာ Tik Tok မှာဗီဒီယိုရိုက်ပြီး အပီအပြင်ကိုကပြလိုက်ပါတယ်။ ဟောလိဝုဒ်က ဘတ်မန်းကြီးက ရုပ်တည်ကြီးနဲ့ခန့်ညားတဲ့အသွင်ကိုဆောင်ပေမယ့် မြန်မာဘတ်မန်းကတော့ တကယ့်လင်းနို့တစ်ကောင်လို Tik Tok မှာ အပီအပြင်ကိုဒွန့်ပြလိုက်တာနော်။ ဘတ်မန်းကတာကို မြင်ဖူးချင်သူတွေအတွက် စည်သူပလပ်ကျွတ်ရဲ့ ဗီဒီယိုဖိုင်ကို မျှဝေပေးလိုက်ပါတယ်နော်…

စည်သူပလပ်ကျွတ်ကတော့ စပိုက်ဒါမန်း၊ ဘတ်မန်း၊ Black panther ၊ Hitachi ၀တ်စုံတို့ကို ၀တ်ဆင်ခဲ့ပြီး နောက်တစ်ခါမှာတော့ Dead pool  ၀တ်စုံကိုဝတ်ဆင်သွားမှာဖြစ်ကာ DC စူပါဟီးရိုးတွေနဲ့ ၀တ်စုံတွေအကုန်လုံးကို ၀တ်ဆင်သွားမှာပါလို့ ကြိုတင်အသိပေးစကားပြောကြားထားပါသေးတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အထူးခြားဆုံးဖြစ်သွားစေမယ့် ဟီးရိုးဝတ်စုံကြီးတွေဝတ်ပြီးဖျော်ဖြေမယ့် ရှိုးပွဲတစ်ခုကိုလည်း လုပ်ဖို့ဆန္ဒရှိကြောင်း ပြောသွားခဲ့ပါတယ်။ ကဲ ပရိသတ်ကြီးရေ Dead Pool ၀တ်စုံကြီးကို စည်သူပလပ်ကျွတ်တစ်ယောက် ဘယ်လိုမျိုးဝတ်ဆင်ဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာပါနော်....

 


13 Feb 2019     1,494 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment