Valentine’s Day အမှတ်တရအဖြစ် ချစ်သူရဲ့နှုတ်ခမ်းရာကို ကိုယ်စီတက်တူးထိုးခဲ့ကြတဲ့ ဟန်လင်းနဲ့ မေဦး
13 Feb 2019 1,714 Views
ယခုနောက်ပိုင်း အနုပညာအသိုင်းအ၀ိုင်းထဲမှာသာမက ပရိသတ်တွေကြားမှာပါ အရမ်းကိုရေပန်းစားနာမည်ကြီးလာတဲ့ Make up Artist မေဦးကိုတော့ အားလုံးကရင်းနှီးပြီးသားဖြစ်မှာပါ။ ပညာသားပါလွန်းတဲ့ သဘာဝဆန်ဆန် မိတ်ကပ်ပြင်ဆင်ချယ်သမှုတွေကြောင့် မင်းသမီးတော်တော်များများရဲ့ လက်စွဲတော်ဖြစ်လာတဲ့ မေဦးကတော့ ချစ်သူဖြစ်သူ ဟန်လင်းနဲ့အတူ ပျော်ရွှင်စရာအချစ်ရေးတစ်ခုကို ပိုင်ဆိုင်ထားသူပါ။
LGBT စုံတွဲလေးဖြစ်ပေမယ့် ကြားလူတွေသွေးခွဲလို့မရအောင် ခိုင်မာတဲ့သံယောဇဉ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။ နှစ်ဦးသားက လိုက်ဖက်ညီညီချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေက အပြစ်မမြင်ပဲ အားပေးချစ်ခင်နေကြရတာပါ။ LGBT အသိုင်းအ၀ိုင်းမှာလည်း လူချစ်လူခင်အပေါဆုံး၊ နာမည်အကြီးဆုံးစုံတွဲလေးဖြစ်တဲ့ မေဦးနဲ့ဟန်လင်းတို့ချစ်သူနှစ်ယောက်ကတော့ လာမယ့် Valentine’s Day အမှတ်တရလေးအဖြစ် ချစ်သက်သေတစ်ခုကို ထူလိုက်ကြပါပြီ။
V Day အမှတ်တရအဖြစ်နဲ့ ချစ်သူရဲ့နှုတ်ခမ်းရာကို ဟန်လင်းနဲ့မေဦးတို့နှစ်ယောက်လုံးက လည်ပင်းမှာ တက်တူးကိုယ်စီထိုးခဲ့ကြတာပါ။ သေရာပါမယ့် အမှတ်တရလေးနဲ့ ချစ်သူများနေ့ကို ကြိုဆိုလိုက်တာပဲဖြစ်ပါတယ်။ ယခုလိုမျိုး ထူးခြားတဲ့အမှတ်တရလေးကို လုပ်ဖြစ်ရတဲ့အကြောင်းကိုတော့ ဟန်လင်းက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ “ ကျွန်တော်တို့နှစ်ယောက်ကိုယ်တိုင် လိုလိုလားလားနဲ့စွန်းထင်း စေခဲ့တဲ့သေရာပါဆေးစက်လေးတွေ ...အချစ်ကဆန်းကြယ်တယ်ဆိုရမလား ? လူဦးရေသန်းနဲ့ချီပြီးရှိတဲ့လူ တွထဲမှာမှ တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံခွင့်ရခဲ့ပြီးမြတ်နိုးစွာချစ်ခဲ့ကြတယ်.. . အမှတ်တရပေါင်းများစွာကို တစ်ယောက်ရဲ့ပျော်ရွှင်နေခြင်းကို တစ်ယောက်မြင်ရဖို့ မရေမတွက်နိုင်အောင်ဖန်တီးပေးခဲ့ကြဖူးတယ် ...လူ တွေရဲ့ ကဲ့ရဲ့ရှုံ့ချတဲ့အကြည့်တွေအောက်မှာ တစ်ယောက်ရဲ့လက်ကို တစ်ယောက်ခိုင်ခိုင်တွဲ ပြီး ရှေ့ဆက်ခဲ့ကြဖူးတယ် ...အရာရာဟာ အမြဲမဖြောင့်ဖြူးတဲ့ သဘောတရားအတိုင်း ကျွန်တော်တို့နှစ်ယောက် ရန်တွေ ဖြစ်ခဲ့ဖူးတယ် စကားတွေ အခြေအတင်များခဲ့ကြဖူးတယ် ...ဘာကြောင့်ရယ်မသိ တစ်ယောက်ရဲ့အဝေးမှာ တစ်ယောက်ကြာကြာနေနိုင်စွမ်းမရှိတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ဘဲ ပြန်အဆင်ပြေခဲ့ကြတယ် ...”
“မ ကြာ ခ ဏ ဆို သ လို အ မှတ် တ ရ လေး တွေ ကို ဖန် တီး ပေး ဖြစ် တဲ့ ကျွန် တော့် ရဲ့ အ ဓိ က ရည် ရွယ် ချက် က တစ် ချိန် ကျွန် တော် တို့ နှစ် ယောက် အ သက် တွေ ကြီး လာ တဲ့ အ ခါ ဖြတ် သန်း ခဲ့ တဲ့ ဘ ဝ တစ် လျှောက် ကို ပြန် တွေး တိုင်း ရန် ခုန် ပျော် ရွှင် ခဲ့ ရ တဲ့ အ တိတ် လေး တွေ ထင် ကျန် စေ ချင် တာ ပါ ... အ ခု လည်း ကျွန် တော် တို့ နှစ် ယောက် ရဲ့ ဘ ဝ တစ် လျှောက် လုံး မှာ အ ခု က နေ စ ပြီး အ ဖိုး ကြီး တွေ ဖြစ် သွား ကြ တဲ့ အ ထိ မှန် ကြည့် တိုင်း ရင် ခုန် နေ စေ ဖို့ အ နမ်း လေး တွေ ဖ လှဲ ဖြစ် ခဲ့ ကြ တယ် ...ဘ ဝ တစ် သက် စာ အ တွက် ရင် ခုန် စ ရာ အ မှတ် တ ရ ဆေး စက် လေး တွေ ကို အ ကောင်း ဆုံး ဖန် တီး ပေး ခဲ့ တဲ့ ကို Ka Gee ကို လည်း ကျေး ဇူး အ ထူး ပါ ... ♥️ အား လုံး လည်း လာ မယ့် Valentine မှာ ပျော် ရွှင် စ ရာ ကောင်း တဲ့ အ မှတ် တ ရ လေး တွေ နဲ့ တွေ့ ကြုံ နိုင် ပါ စေ ...” ဆိုပြီး Valentine’s Day မှာ ချစ်သူအားလုံးပျော်ရွှင်နိုင်ကြဖို့ကိုလဲ ဆုတောင်းပေးထားပါသေးတယ်။
ဟန်လင်းနဲ့ မေဦးတို့ချစ်သူနှစ်ယောက်ဟာဆိုရင် နားလည်မှု၊ ယုံကြည်မှုတွေနဲ့ ၂ နှစ်ကျော်ကြာ ခိုင်မာတဲ့ Relationship ကိုတည်ဆောက်ထားသူတွေဖြစ်တာမို့ ရှေ့ဆက်ပြီးလဲ ဒီ့ထက်ပိုချစ်နိုင်ကြပါစေလို့….