BEC-TERO TV

လူမှားသွားလောက်အောင် နှစ်ခါပြန်ကြည့်ယူရမယ့် ချစ်သုဝေရဲ့ ခပ်မိုက်မိုက်ပုံလေးများ

07 Feb 2019     1,579 Views


မြန်မာ့အနုပညာလောကထဲမယ် အဆိုတော်၊သရုပ်ဆောင်တစ်ဦးအဖြစ်ရပ်တည်နေတဲ့ ချစ်သုဝေကတော့ ပရိသတ်ရဲ့အားပေးချစ်ခင်မှုတွေကို အပြည့်အ၀ရရှိထားသူပဲဖြစ်ပါတယ်။ အဆိုတော်လင်းလင်းနဲ့အတူ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကိုမွေးဖွားကာ အများကအားကျရတဲ့ ပျော်ရွှင်စရာမိသားစုဘ၀လေးကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

ချစ်သုဝေဟာဆိုရင် အိမ်ထောင်ကျပြီးနောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခေတ္တဝေးကွာနေခဲ့ပြီး ကြော်ငြာရိုက်ကူးမှုနဲ့ ပွဲအခမ်းနားတွေကို တက်ရောက်ခြင်းဖြင့်သာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင်ကြိုးစားနေတာပဲဖြစ်ပါတယ်။ သမီးလေးတွေအတွက်အချိန်ပေးရင်း ပရိသတ်တွေအပေါ်ပျက်ကွက်ခဲ့တဲ့ သူမရဲ့အနုပညာအတွက် ဒုတိယမြောက်တစ်ကိုယ်တော်အခွေကိုလည်း အမြန်ဆုံးထွက်ရှိနိုင်အောင် ကြိုးစားနေတယ်လို့သိရပါတယ်။

ခေးမေးတစ်ယောက်ဖြစ်ပြီးမှ အလှတွေပိုတိုးလာတဲ့ ချစ်သုဝေကတော့ ပရိသတ်တွေမြင်တွေ့နေကြမဟုတ်တဲ့ သူမရဲ့ခပ်မိုက်မိုက်ကောင်မလေးတစ်ယောက်ပုံစံကို ချပြလိုက်ပါတယ်။ ဆံပင်စတိုင်၊ မိတ်ကပ်အပြင်အဆင်၊ ဖက်ရှင်ဒီဇိုင်းကအစ တကယ့်ကိုလန်းလွန်းနေတဲ့ ပုံစံက ပရိသတ်တွေအတွက် နှစ်ခါပြန်ကြည့်ယူရလောက်အောင်ကို အမိုက်စားဖြစ်နေပါတယ်။ LUSH Magazine အတွက် ရိုက်ကူးပေးထားတဲ့ ချစ်သုဝေရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

 

 


07 Feb 2019     1,579 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment