အလှူခံခြင်းနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုနေကြသူတွေကို ဒဲ့ရှင်းလိုက်တဲ့ ဇေရဲထက်
06 Feb 2019 1,375 Views
မြန်မာ့အနုပညာလောကထဲမှာ အောင်မြင်မှုများစွာကိုရရှိထားတဲ့ မင်းသားတစ်လက်ဖြစ်တဲ့ ဇေရဲထက်ကတော့ သူ့ကိုအရူးအမူးအားပေးနေတဲ့ စိတ်ဝေဒနာရှင်မလေးဆီကို သွားရောက်တွေ့ဆုံခဲ့ပြီဖြစ်ပါတယ်။ မနေ့က ဇန်န၀ါရီလ (၅) ရက်နေ့မှာ ပြောထားတဲ့ကတိစကားအတိုင်း ပန်းတနော်သူလေးရှိရာ ဧရာတတီတိုင်းအထိ လမ်းခရီးကြမ်းတွေကိုဖြတ်ရင်း အမှန်တကယ်သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ကိုယ့်ကိုအခိုင်အမာအားပေးနေတဲ့ ပရိသတ်ဆီသွားရောက်တွေ့ဆုံခဲ့ကာ စိတ်ဝေဒနာရှင်မလေးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့တာကြောင့် ပရိသတ်အများကလည်း ဇေရဲထက်ကိုချီးကျူးခဲ့ကြပါတယ်။ ဒါ့အပြင် ကောင်မလေးကို လက်ဆောင်နဲ့မုန့်ဖိုးတွေအပြင် စေတနာရှင်တွေဆီကရတဲ့ အလှူငွေတွေကိုပါ ပေးခဲ့ပါတယ်။
ဒီလိုမျိုး ပန်းတနော်သူလေးအတွက် စေတနာရှေ့ထားပြီး အလှူရှင်တွေဆီက ၀ိုင်းဝန်းပံ့ပိုးနိုင်ဖို့ အလှူခံခဲ့ပေမယ့် ဝေဖန်သူတွေရဲ့ပြောဆိုမှုတွေကထွက်ပေါ်လာတာကြောင့် ကျန်းမာရေးမကောင်းတဲ့ကြားကပင် ပြန်လည်ဖြေရှင်းလိုက်တာပဲဖြစ်ပါတယ်။
“ကျနော့်ခါးတွေကုန်းမရအောင်နာပေမယ့် ကျနော့်ကိုချစ်တဲ့လူတွေရှေ့ရောက်ရင် ကျနော်ဘာပဲဖြစ်ဖြစ်မေ့နေတော့တာ ခါးနာတာဘယ်ရောက်မှန်းမသိးး ညကလည်းတညလုံးအိပ်မပျော်ရင်ခုန်လို့းးး ကျနော်အလှူအများကြီးလုပ်ဖူးတယ်းး ရှင်အပါး၂၃ပါးကို ကိုယ့်ရဲ့ချွေးနဲစာနဲ့ ၂၀၁၅ က(၆၀)သိန်းတိတိ ကုန်ကျခံစေပြီးရဟန်းခံပေးခဲ့တယ်းးး ရေဘေးကိုလည်း ၄၅သိန်းတိတိလှူဖူးသလိုးး ရေတွင်းဆောက်မယ့်ကိစ္စကိုလည်း၁၀သိန်းမတည်ခဲ့ပေးတယ် (ကျနော့်မည်သည့်တဦးတယောက်တဆီကိုမှအလှူမခံခဲ့သလိုသတင်းမီဒီယာတွေလည်းမဖိတ်ကြားခဲ့ပါးး ကျနော် အခုလိုပြောခြင်းဟာ ဖော်ကောင်လုပ်တာမဟုတ်ပါဘူးးး ကျနော့်ကိုအလှူခံခြင်းနဲ့ပြောလို့ပါးးးး အခုဒီညီမလေးကို မိန်းကလေးအသုံးဆောင်လေးတွေလိုချင်လို့ မျက်နာအောက်ကျခံပြီးလှူခံခဲ့တယ်းး အတင်းလိုက်လံတောင်းခံခြင်းမပြုပါး စေတနာထားသလောက်ကိုသာလက်ခံထားပါတယ်းးး တချို့ငွေပို့တာတောင်ကျနော်အိတ်စိုက်ပြီးလှူထည့်ပေးတာပါးး လက်ရှိလက်ငင်းရငွေမှာ ၉၀၀၀၀ကျပ်တည်းသာဖြစ်ပါသည်းးးး ) ညီမလေးကကျနော့်ကိုတွေ့ချင်လို့ညီမလေးတွေ့ခွင့်ရသလို ကျနော်လည်းညီမလေးကိုမုန့်ဖိုးပေးခွင့်ရသလို ညီမလေးကိုချစ်တဲ့ကျနော့်ကိုချစ်တဲ့သူတွေက ညီမလေးကိုမုန့်ဖိုးပေးတော့ ညီမလေးအနေနဲ့မုန့်ဖိုးပိုရတာပေါ့းးးညီမလေးလည်းပျေားး ကျနော်လည်းပျော်းးး လှူပေးတဲ့လူတွေလည်း ကုသိုလ်ရးး သုံးဦးသုံးဖက်လုံးအရမ်းပျော်စရာကောင်းတဲ့နေ့လေးဖြစ်သွားတာပေါ့” ဆိုကာ ပတ်တီးအထပ်ထပ်စီးပြီး နေမကောင်းဖြစ်နေတဲ့ကြားက ဝေဖန်ပြောဆိုမှုတွေကို အတိအကျဖြေရှင်းလိုက်တာပဲဖြစ်ပါတယ်။