ခင်ပွန်းဖြစ်သူကို တန်ဖိုးကြီးလက်ဆောင်တွေနဲ့ စပရိုက်အကြီးကြီးတိုက်လိုက်တဲ့ ရွှေမှုန်ရတီ
06 Feb 2019 1,711 Views
ပရိသတ်တွေအားပေးချစ်ခင်ရတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့နှစ်ယောက်ဟာ အနုပညာလောကထဲမှာ ကိုယ်စီအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားသူတွေဖြစ်ပြီး အခက်အခဲတွေကြားကနေ နှစ်ကိုယ်တူဘ၀လေးကို တည်ဆောက်ထားသူတွေဖြစ်ပါတယ်။ အရိပ်တကြည့်ကြည့်နဲ့ အနားကမခွာနိုင်အောင် ချစ်စိတ်တွေထုံမွှန်းနေကြတဲ့ ရွှေမောင်နှံကတော့ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ထိချစ်ကြောင်းတွေကို လူမှုကွန်ယက်ကနေ အမြဲမျှဝေရေးသားလေ့ရှိပါတယ်။
ရွှေထူးကတော့ လူကြီးတစ်ယောက်လို ရွှေမှုန်ကိုအရိပ်တကြည့်ကြည့်နဲ့ အမြဲဂရုစိုက်လေ့ရှိပြီး ရွှေမှုန်ကလဲ ခင်ပွန်းဖြစ်သူနားရောက်သွားချိန်မှာတော့ ကလေးဆိုးလေးတစ်ယောက်လို ချွဲနွဲ့ကာအကဲပိုနေတတ်သူပဲဖြစ်ပါတယ်။ မနေ့က ဖေဖော်ဝါရီလ ၅ ရက်နေ့ကတော့ ရွှေစုံတွဲရဲ့အမှတ်တရနေ့လေးတစ်နေ့ဖြစ်ပြီး အမြဲဆိုသလို Brand အစစ်တွေနဲ့သာ ဂေါ်လေ့ရှိတဲ့ ရွှေမှုန်ကတော့ ခင်ပွန်းဖြစ်သူကိုတန်ဖိုးကြီးလက်ဆောင်တွေနဲ့ စပရိုက်အကြီးကြီးလုပ်လိုက်ပါတယ်။
ခင်ပွန်းဖြစ်သူအတွက် Gucci တံဆိပ် အကျီင်္နဲ့ဘောင်းဘီကိုလက်ဆောင်ပေးခဲ့တာဖြစ်ပြီး အမှတ်တရအဖြစ်အပျက်လေးကို သူမရဲ့ဖေ့စ်ဘွတ်ပေါ်ကနေ Live လွှင့်ခဲ့တာဖြစ်ပါတယ်။ ရွှေမှုန်ရဲ့ စပရိုက်ကြောင့် ရွှေထူးတစ်ယောက် အရမ်းတွေပျော်ရွှင်နေခဲ့ကာ လက်ဆောင်လေးကိုလည်း သဘောကျနေတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ဗီဒီယိုလေးထဲမှာလည်း အရမ်းကိုပျော်တယ်လို့ ပြောသွားခဲ့ပါသေးတယ်။ ရွှေထူးကတော့ မကြာခင်မှာပဲ ဇနီးဖြစ်သူပေးတဲ့ Gucci ၀တ်စုံကြီးနဲ့ ဂေါ်နေတော့မှာနော်။ ပရိသတ်ကြီးအတွက် ရွှေထူးအတွက် ရွှေမှုန်လုပ်ပေးလိုက်တဲ့ စပရိုက်ဗီဒီယိုကိုပါ ဝေမျှပေးလိုက်ပါတယ်။