ကြည့်မိသူတိုင်းခွီနေရတဲ့ အဖွဲ့သားချင်းချင်း ဆေးထိုးလိုက်တဲ့ အ၀င်းရဲ့ ဗီဒီယို
05 Feb 2019 1,436 Views
အ၀င်းရယ်လို့ ပရိသတ်တွေသိကြတဲ့ ဂျပန်နိုင်ငံသားမြန်မာနွယ်ဖွား မိုရီဆာကီဝင်းကိုတော့ နှုတ်ခမ်းနီမလေးတွေ အသဲစွဲအားပေးရုံသာမက ပျိုပျိုအိုအို၊ ကြီးကြီးငယ်ငယ် မကြိုက်တဲ့သူမရှိအောင် အမျိုးသမီးထုကြီးတစ်ခုလုံးက ၀န်းရံအားပေးနေကြတာပါ။ အမြဲဆိုသလို ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါ့ပေါ့ပါးပါးစနောက်နေထိုင်တတ်တာကြောင့် အ၀င်းရဲ့အင်တာဗျူးဗီဒီယိုတိုင်းကလဲ ပရိသတ်တွေကြားသဘောကျစရာတွေဖြစ်နေရတာပါ။
အ၀င်းဟာဆိုရင် ဂျပန်နိုင်ငံမှာ အခြေချနေထိုင်သူဖြစ်ပြီး ဂျပန်လူငယ်အဆိုတော်အဖွဲ့ဖြစ်တဲ့ PrizmaX အဖွဲ့ဝင်တစ်ယောက်ဖြစ်ကာ အဆိုတော်သရုပ်ဆောင်အဖြစ်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်လောကမှာတော့ ၀တ်မှုန်ရွှေရည်၊ အောင်ရဲလင်းတို့နဲ့အတူ “ဇာတိမြေ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ သူ့ရဲ့ကောင်းမွန်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် ဟောလိဝုဒ်ရုပ်ရှင်ဇာတ်လမ်းထဲမှာပင် ပါဝင်သရုပ်ဆောင်ခဲ့ရသူပါ။
ဒါ့အပြင် အ၀င်းပါဝင်တဲ့ PrizmaX အဖွဲ့ဟာဆိုရင် လက်ရှိမြန်မာနိုင်ငံကိုရောက်ရှိနေတာဖြစ်ပြီး TV ပရိုဂရမ်တစ်ခုကိုရိုက်ကူးနေတာပဲဖြစ်ပါတယ်။ MNTV channel မှာပြသနေတဲ့ Win’s Show Time အစီအစဉ်ကလည်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုနဲ့အတူ အားပေးမှုတွေကိုပါရရှိထားပါတယ်။ ဂျပန်-မြန်မာချစ်ကြည်ရေးပွဲတော်မှာ ပါဝင်ဖျော်ဖြေသွားခဲ့တဲ့ အ၀င်းတို့အဖွဲ့ကို မီဒီယာတွေကအင်တာဗျူးချိန်မှာတော့ အ၀င်းတစ်ယောက် အဖွဲ့သားအချင်းချင်းကို ဆေးအကြီးကြီးထိုးလိုက်တာပဲဖြစ်ပါတယ်။
PrizmaX အဖွဲ့သားတွေဖြစ်ကြတဲ့ ဂျပန်နိုင်ငံသားတွေကို မြန်မာစာသင်ပေးရင်း ဆေးထိုးလိုက်ပုံကတော့ တကယ့်ကို အ၀င်းပီသပါတယ်နော်။ အမြဲပျော်ပျော်ရွှင်ရွှင်စနောက်တတ်တဲ့ အ၀င်းရဲ့ဆေးထိုးလိုက်ပုံကို ကြည့်မိတဲ့ပရိသတ်တိုင်းက သဘောကျမဆုံးဖြစ်လို့နေကြပါတယ်။ အ၀င်းတစ်ယောက် အဖွဲ့သားအချင်းချင်းကို ဘယ်လိုတွေဆေးထိုးလိုက်လဲဆိုတာ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။