နှစ်ပတ်လည်အထိမ်းအမှတ်ကို ချစ်သူနဲ့ပျော်ရွှင်စွာဖြတ်သန်းခဲ့တဲ့ ဂျေလို
04 Feb 2019 1,389 Views
ကမ္ဘာကျော် ဟောလိဝုဒ်ပေါ့ပ်အဆိုတော်တစ်ဦးဖြစ်တဲ့ ဂျနီဖာလိုးပက်ဇ်ဟာ သူမရဲ့ လက်ရှိချစ်သူနဲ့ ချစ်သူသက်တမ်း (၂) နှစ်တိတိပြည့်ပြီဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။ အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ ဂျေလိုဟာ လက်ရှိမှာဘေ့စ်ဘောချန်ပီယံဟောင်း Alex Rodriguez နဲ့ တွဲနေတာဖြစ်ပါတယ်။
J.Lo နဲ့ Alex တို့ ဟာသူတို့နှစ်ယောက်ရဲ့ anniversary ကို သားသမီးတွေနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းခဲ့ပါတယ်။ J.Lo မှာ သားတစ်ယောက် ၊ သမီးတစ်ယောက်ရှိပြီး Alex မှာကတော့ သမီးလေးနှစ်ယောက်ရှိပါတယ်။
သူတို့နှစ်ယောက်တစ်ဘဝပေါင်းစပ်ဖို့က မိသားစုနှစ်ခုကို ပေါင်းစည်းအောင် လုပ်ရမှာဖြစ်တဲ့အတွက် လွယ်တော့မလွယ်ကူဘူးလို့ ပြောကြားထားပါတယ်။ သို့ပေမဲ့ မိသားစုနှစ်စုဟာ ခရစ်စမတ်ဟောလီးဒေးကိုလဲ အတူတကွကုန်ဆုံးခဲ့ကြပြီး လက်ရှိမှာလဲ သူတို့နှစ်ယောက်ချစ်သူသက်တမ်း (၂) နှစ်ပြည့်ကို အတူတကွကုန်ဆုံးခဲ့တာ တွေ့ရပါတယ်။
ကြည့်ရတာ မိသားစုနှစ်ခု အမြန်ဆုံးပေါင်းစည်း နိုင်တော့မယ်ထင်ပါတယ်။ J.Lo ရဲ့ ကလေးနှစ်ယောက်နဲ့ Alex ရဲ့ကလေးနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် မောင်နှမတွေလိုချစ်ခင်တာမျိုးမြင်တွေ့ရပါတယ်။
သူတို့ မိသားစုနှစ်စုဟာ ဘေ့စ်ဘောပွဲများကိုလဲ အတူတကွကြည့်ရှုခဲ့ကြပြီး ပျော်ရွှင်ဖွယ်အချိန်တွေကို အတူတကွဖြတ်သန်းခဲ့ကြပါတယ်။
J.Lo ကသူမအနေနဲ့ Alex ကိုချစ်သူတစ်ယောက်အနေနဲ့ပိုင်ဆိုင်ရတာဟာ သူမအတွက်တန်ဖိုးမဖြတ်နိုင်ပါဘူးလို့ပြောခဲ့ပါတယ်။ Alex ဆီက သင်ယူစရာတွေအများကြီးကိုလဲ သင်ယူခဲ့ရသလို Alex ကသူမအတွက် သူငယ်ချင်းကောင်းတစ်ယောက်လဲဖြစ်ပြန်တယ်လို့ ပြောကြားထားပါတယ်။
ပရိတ်သတ်ကြီးရေ J-Lo နဲ့ Alex တို့မိသားစု နှစ်ခု ဒီလိုချစ်ချစ်ခင်ခင်နဲ့ မြင်တွေ့နေရတာ ချစ်စရာကောင်းတယ်လို့ မထင်မိဘူးလာ။