BEC-TERO TV

၁၀ နှစ်လုံးလုံး သွားမတိုက်လို့ ရည်းစားက ပစ်သွားတဲ့ ဗြူတီဘလော့ခ်ကာ

01 Feb 2019     1,711 Views


ရွံထှာဟာ...! သူ့ရည်းစားမပြောနဲ့ ကိုယ်တောင် သတင်းရေးရင်း အန်ချင်လာတယ်။ ကိုရီးယားမလေး “ဂီဟွန်းဂျီ” ဆိုသူဟာ သွားမတိုက်တာ ၁၀ နှစ်ကျော်ပြီဖြစ်ကြောင်း ကိုရီးယားရုပ်သံအစီစဉ်တစ်ခုကနေ ဝန်ခံပြောကြားခဲ့ပါတယ်။
 
 
“ဂီဟွန်းဂျီ” ဟာ အလှအပရေးရာ ဗြူတီဘလော့ခ်ကာ ဖြစ်ပြီး ချောမောတဲ့ ရုပ်သွင်ပြင်နဲ့ မိတ်ကပ် အလှပြင်နည်း စတာတွေကို တင်ဆက်နေသူမို့ အတန်အသင့် အွန်လိုင်းမှာ နာမည်ရနေသူဖြစ်ပါတယ်။ ဒါပေမယ့် သူမကိုယ်တိုင်ကတော့ သွားမတိုက်တာ ၁၀ နှစ်ကျော်ကြာနေပြီဖြစ်ပါတယ်။
 
 
ဒါကြောင့်မို့ သူမရဲ့ ရည်းစားက အနမ်းပေးချိန်မှာ သင့်ပျံ့တဲ့ရနံ့ကြောင့် အော့အန်ပြီး စိတ်ပျက်လက်ပျက်နဲ့ လမ်းခွဲသွားတယ်လို့ဆိုပါတယ်။ ရုပ်သံအစီစဉ်မှာ သူမရဲ့ ဝါထိန်နေတဲ့ သွားတွေကို အနီးကပ်ရိုက်ပြတာတွေ့ခဲ့ရပါတယ်။ ပရိသတ်တစ်ချို့က အဲဒီပြကွက်ကို မကြည့်ရဲခဲ့တာကို တွေ့ရပါတယ်။ သူမရဲ့ သွားတွေဟာ ဆေးလိပ်သောက်သူတွေရဲ့ သွားတွေထက်တောင် ဝါထိန် ညစ်ထေးနေပါသေးတယ်။
 
 
သူမ ၁၀ နှစ်အရွယ်ထဲကစပြီး သွားတိုက်ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်၊ မိဘတွေနဲ့ အပေါင်းအသင်းတွေက ဘယ်လိုပြောပြော သွားမတိုက်ခဲ့ပါဘူး။ ၁၀ နှစ်လောက် သွားမတိုက်ပဲနေတဲ့အတွက် သူ့အိမ်သားတွေ ကိုယ်တိုင်က အိမ်က ခွေးတွေ ကြောင်တွေကို ပိုးမွှားကူးစက်မှာ စိုးရိမ်ပြီး သူမကို နမ်းခွင့်မပေးတော့ပါဘူး။
 
 
ရည်းစားရပြီး ပထမဦးဆုံးအနမ်းခြွေချိန်မှာ ကောင်လေးက အန်ထွက်ပြီး လမ်းခွဲသွားတယ်လို့ဆိုပါတယ်။ ဒီရုပ်သံအစီစဉ်မှာ သူမသွားတိုက်တာဟာ ၁၀ နှစ်အတွင်း ပထမဦးဆုံး သွားတိုက်ခြင်းဖြစ်ပါတယ်တဲ့။  
 

 


01 Feb 2019     1,711 Views




RELATED

Most Popular of Special or Others

Most Popular of NEWS