BEC-TERO TV

ကစ်ကိုကြည့်တဲ့ ဒေါင်းရဲ့စူးရှတဲ့အကြည့်တွေကြောင့် ပျိုပျိုမေလေးတွေ မနာလိုဝန်တို ဖြစ်နေရ

01 Feb 2019     1,647 Views


ရုပ်ရှင်သရုပ်ဆောင် ဒေါင်းဟာဆိုရင် လက်ရှိအနုပညာလောကမှာ မိန်းမထုကြီးရဲ့ဝန်းရံအားပေးခြင်းကို အများဆုံးရရှိထားသူဖြစ်ပါတယ်။ ယောကျာ်းပီသတဲ့သွင်ပြင်လက္ခဏာတွေနဲ့ ပြည့်စုံနေတဲ့ဒေါင်းရဲ့ စူးရှတဲ့အကြည့်တို့နဲ့ မျက်ဝန်းတစ်စုံ၊ အသဲတွေတဖြုတ်ဖြုတ်ကြွေလောက်တဲ့ အပြုံးတွေကပဲ မိန်းမသားထုကြီးကို အရူးအမူးစွဲလမ်းစေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ပျိုပျို၊ အိုအို ပျိုမေတွေအကုန်လုံးက ဒေါင်းမှဒေါင်းဖြစ်နေရတာပါ။

ကစ်လို့ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်ဝတ်မှုန်ရွှေရည်ကလဲ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်ပြီး အရုပ်မလေးတစ်မျှ မထိရက် မတို့ရက်အောင်လှပလွန်းသူဖြစ်တာကြောင့် ပုရိဿတွေရဲ့အခိုင်အမာဝန်းရံခြင်းကို ခံထားရသလို မိန်းမထုကြီးကပါ သဲသဲလှုပ်ချစ်ကြရသူဖြစ်ပါတယ်။ ဒီလိုမျိုးမတူညီတဲ့ ပရိသတ်တွေရဲ့အခိုင်အမာဝန်းရံခြင်းကိုခံထားရသူ ဒေါင်းနဲ့ကစ်ကတော့ သူတို့နှစ်ဦးပါဝင်သရုပ်ဆောင်ထားတဲ့ လိပ်ပြာစံအိပ်ရုပ်ရှင်အထူးပြသပွဲကို လိုက်ဖက်ညီစွာတက်ရောက်ခဲ့ကြပါတယ်။

ကိုယ်စီအနက်ရောင်ဖက်ရှင်တွေကို ၀တ်ဆင်လာခဲ့ကြတဲ့ ဒေါင်းနဲ့ကစ်တို့ နှစ်ဦးဟာ ကြည့်မိသူတိုင်းရဲ့အမြင်မှာပနံတင့်ကာ အရမ်းကိုလိုက်ဖက်ညီလွန်းနေပါတယ်။ ဒါ့အပြင် မီဒီယာတွေရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေတိုင်းမှာ ဒေါင်းကစူးရှတဲ့အကြည့်တွေနဲ့ ကစ်ကိုပဲ ပြုံးပြုံးကြီး စူးစိုက်ကြည့်နေတာကို တွေ့ရပါတယ်။ ဒီလိုအကြည့်တွေကြောင့်ပဲ ကြွေဆင်းခဲ့ရတဲ့ မိန်းမသားထုကြီးကတော့ ကစ်ကိုကြည့်တဲ့ဒေါင်းရဲ့ စူးရှတဲ့အကြည့်တွေကြောင့် မနာလိုဝန်တိုမှုတွေဖြစ်လို့နေကြပါတယ်။ တစ်ဖက်မှာလဲ ကစ်ကိုအားပေးနေတဲ့ ယောကျာ်းထုကြီးက ကစ်ရဲ့အနီးအနားကနေ ပြုံးပြုံးကြီးကြည့်နေတဲ့ ဒေါင်းကိုအမြင်မကြည်ဖြစ်လို့နေကြပါတယ်။

ဘယ်လိုပင်ဆိုစေကာမူ ဆိုင်သူမရှိကြတဲ့ သူတို့နှစ်ဦးကို သဘောတူကြည်ဖြူနေကြတဲ့ ပရိသတ်တွေကလည်း ဒုနဲ့ဒေးရှိလို့နေပါတယ်။ အေးစက်စက်တည်ကြည်နေတတ်တဲ့ ဒေါင်းတစ်ယောက် ကစ်အနားရောက်ရင် အပြုံးပန်းတွေဝေဆာကာ အကြင်နာမျက်ဝန်းတွေနဲ့ ကြည့်တဲ့အကြည့်တွေကြောင့်ပင် ကစ်နဲ့ဒေါင်းတို့နှစ်ယောက် ငြိတွယ်နေပြီလားဆိုတဲ့ ကောလဟလတွေလဲ ထွက်ပေါ်လာခဲ့ရပါတယ်။ ကောလဟလတွေအတိုင်း သူတို့နှစ်ဦးသာ အမှန်တကယ်ငြိတွယ်သွားခဲ့မယ်ဆိုရင်တော့ ပရိသတ်တွေကြား လိုက်ဖက်ညီပြီးချစ်စရာကောင်းတဲ့ စုံတွဲလေးဖြစ်လာဦးမှာပါနော်...

Photos _Popular Journal

 


01 Feb 2019     1,647 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment