BEC-TERO TV

တိရိစ္ဆာန်ရုံဝင်ကြေးလက်မှတ်အတွက် အသက်ပါပေးလိုက်ရသူ (ရုပ်သံ)

01 Feb 2019     1,645 Views


တရုပ်နိုင်ငံ ကျီကျင်းပြည်နယ်ရှိ ယောင်ဂေါတိရိစ္ဆာန်ရုံတွင် ကမ္ဘာ့လှည့်ခရီးသွားတစ်ဦးကို ကျားများဝိုင်းဆွဲခံရမှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ 
 
 
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၉ ရက်နေ့က အဆိုပါတိရိစ္ဆာန်ရုံသို့ ခရီးသွားမိသားစု တစ်စုအလည်ရောက်လာခဲ့ပြီး အမျိုးသားဖြစ်သူက တိရိစ္ဆာန်ရုံတွင် ကာရံထားသော အုတ်ရိုးတစ်နေရာမှာ ၁.၈ မီတာလောက်သာ မြင့်သဖြင့် သူ့အနေနဲ့ ကျော်ဝင်လို့ရတာကို တွေ့သွားခဲ့ပါတယ်။ အဲဒီနောက် မိန်းမနဲ့ ကလေးနှစ်ယောက်အတွက်သာ တိရိစ္ဆာန်ရုံ ဝင်ကြေးလက်မှတ်ဝယ်ယူပြီး သူက အုတ်တံတိုင်းပေါ်က ကျော်တက်လာပြီး မိသားစုများ တိရိစ္ဆာန်ရုံအတွင်း ပြန်ဆုံမည့်ဟု မှာကြားစီစဉ်လိုက်ပါတယ်။
 
 
ဒါပေမယ့် သူထင်ထားသလို ဖြစ်မလာပဲ သူကျော်ဝင်ခဲ့သော အုတ်တံတိုင်းနေရာမှာ ကျားများထားရှိတဲ့ ခြံဖြစ်နေတာကို နောက်ကျမှ သိခဲ့ရသည်။ နယ်ကျော်ဝင်လာသူကို ကျားများ တွေ့သွားပြီး လိုက်ဆွဲကာ ကုတ်ဖဲ့ တိုက်ခိုက်ခံခဲ့ကြသည်။ လာရောက်လည်ပတ်ကြသူများလည်း မျှော်လင့်မထားတဲ့ ဖြစ်စဉ်မြင်ကွင်းကြောင့် တုန်လှုပ်ခြောက်ခြားကုန်ကြပါတယ်။
 
 
ကယ်ဆယ်ရေးအဖွဲ့များက ကျားများကို သေနတ်ဖြင့် ဝိုင်းဝန်း ပစ်ခဲ့ခြောက်လှန့်ခဲ့ကြပေမယ့် နေ့လည် ၂ နာရီက စတင်ခဲ့သော အဖြစ်အပျက်ဟာ ညနေ ၅ နာရီလောက်မှ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အမျိုးသားကို ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ကျားကိုက်ခံရသော ဒဏ်ရာများနဲ့ သေဆုံးသွားခဲ့သည်။
 
 
ဖြစ်စဉ်တစ်ခုလုံးကို လာရောက်လည်ပတ်သူတစ်ဦးမှ ရုပ်သံမှတ်တမ်းတင်နိုင်ခဲ့ပြီး အွန်လိုင်းပေါ်တင်ခဲ့ရာ ချက်ခြင်းပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများ ပြင်ထန်ခဲ့သည်။ အဆိုပါအဖြစ်ပျက်နဲ့ ပက်သက်ပြီး သက်ဆိုင်ရာမှ တိရိစ္ဆာန်ရုံ တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွာမည်ဖြစ်ကြောင်း သိရှိရသည်။ 
 

01 Feb 2019     1,645 Views




RELATED

Most Popular of Special or Others

Most Popular of NEWS