BEC-TERO TV

အသက် (၅၃) နှစ်ရှိပြီဖြစ်သော်လည်း အရွယ်နဲ့မလိုက်အောင် နုပျိုလှပဆဲ စူပါမော်ဒယ်ပေါ်လီနာ

31 Jan 2019     1,426 Views


စူပါမော်ဒယ် ပေါ်လီနာ ပိုရစ်ဇ်ကိုဗာ ဆိုတာ တစ်ချိန်က ရေကူးဝတ်စုံကြော်ငြာတဲ့ နေရာမှာ နာမည်ကြီးစူပါမော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အသက် ၁၇ နှစ်အရွယ်ကတည်းက ရေကူးဝတ်စုံကြော်ငြာရိုက်ကူးတဲ့ မော်ဒယ်တစ်ဦးဖြစ်ပါတယ်။

အသက်အရွယ်တွေကြီးလာပေမယ့် ပေါ်လီနာဟာသူမရဲ့ အသားအရည်နဲ့ ခန္ဓာကိုယ် အချိုးအစားကို သေချာ လေ့ကျင့်ခန်းလုပ်ပြီး ထိန်းသိမ်းတာကြောင့် ယနေ့အချိန်ထိ အရွယ်တင်လှပနုပျိုနေဆဲပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က ပေါ်လီနာတစ်ယောက် G-string bikini အတွက် ကြော်ငြာရိုက်ကူးပေးနေတဲ့ ဗီဒီယိုတစ်ခုကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတင်ခဲ့ပါ တယ်။ သူမတစ်ယောက် အသက် ၅၃ နှစ်ရှိပြီဖြစ်သော်လည်း ယနေ့အချိန်ထိ အရွယ်တင် နုပျိုနေဆဲဆိုတာတော့ ငြင်းမရပါဘူး။

သူမအနေနဲ့ အခုလို အရွယ်တင်နုပျိုနေတဲ့အဓိကအကြောင်းအရင်းကတော့ မိန်းမတစ်ယောက်က အသက်ကြီးသွားလဲ ဆွဲဆောင်မှုရှိရှိလှပနိုင်ပါသေးတယ် ဆိုတဲ့ သူမရဲ့ ခံယူချက်ကြောင့်ဖြစ်တယ်လို့ ပေါ်လီနာက ပြောပြထားပါတယ်။ အသက်ကြီးလာလေလေ၊ ပိုလှလေလေ သူမကိုယ်သူမ အမြဲအတွေးအခေါ်တွေဆန်းသစ်အောင် နေထိုင်တာကြောင့် အမြဲယုံကြည်မှုရှိနေတာ ဖြစ်တယ်လို့ပြောထားပါတယ်။

ပရိတ်သတ်ကြီးရေ ပေါ်လီနာတစ်ယောက် အသက် ၅၃ နှစ်ရှိပြီလို့မထင်ရလောက်အောင် နုပျိုလှပဆဲမဟုတ်ပါလား။ သူမရဲ့ သဘာဝအလှကိုဖော်ကြူးထားတဲ့ ကမ်းခြေထက်က အလှကို ကြည့်ရှုခံစားကြည့်လိုက်ကြပါဦး။

ဗွီဒီယိုဖိုင်ကြည့်ရန် ဒီနေရာကိုနှိပ်ပါ။


31 Jan 2019     1,426 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS