ဘန်ကောက်မြို့မှာ မီးခိုးမြူ လေထုညစ်ညမ်းမှုကြောင့် ကျောင်း ၄၀၀ ကျော်ပိတ်ထားခဲ့ရ
31 Jan 2019 1,373 Views
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မီးခိုးမြူ လေထုညစ်ညမ်းမှုကြောင့် ကျောင်း ၄၀၀ ကျော် ပိတ်ထားရတယ်လိုသိရပါတယ်။ မီခိုးမြူ ပမာဏဟာ အန္တရာယ် ရှိလောက်တဲ့ အနေအထားလောက်ထိ ဖြစ်လာတာကြောင်း ကျောင်းသားတွေရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်မှုကြောင့် ဇန်နဝါရီလ ၃၀ ရက် ဗုဒ္ဓဟူးနေ့ နေ့လယ်က စလို့ ပိတ်ထားလိုက်ရတယ်လို့သိရပါတယ်။အခုလို ကျောင်းတွေ ပိတ်လိုက်ရအောင် ထိ အရင်က ဖြစ်ခဲဖူးခြင်းမရှိပါဘူး။
မီးခိုးမြူတွေ လျော့ပါးသွားစေဖို့ တိမ်အတုတွေနဲ့ မိုးရွာသွန်းအောင် ဖန်တီးတာတွေ၊ မိုးပျံလမ်းတွေပေါ်မှာ ရေတွေနဲ့ ပက်ဖျန်းတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။လေထုညစ်ညမ်းမှုကို ဖြေရှင်းဖို့အတွက် ထိုင်းအစိုးရက သကြားရည်တွေနဲ့ ကောင်းကင်ပေါ်ကနေ ဒရုန် ၅၀ လောက်နဲ့ ဖြန့်ချဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ဒီလိုလုပ်တာဟာ ထိရောက်မှု ရှိ ၊ မရှိ မသိရသေးပေမဲ့ အချိုခဲ့တွေနဲ့ လမ်းပေါ်မှာ မှိုတတ်တာတွေဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။
ဘန်ကောက်မှာ မီးခိုးမြူ လေထုညစ်ညမ်းမှုဟာ တစ်ပါတ်ခန့်ကြာမြင့်နေပြီးဖြစ်ပြီး စက်ရုံတွေ ၊ အမှိုက် မီးရှို့ မှုတွေကြောင့် ဖြစ်လာတယ်လို့ သိရပါတယ်။ ဘန်ကောက် မြို့သူ မြို့သားတွေကို တရုတ် နှစ်သစ်ကူးကာလ အတွင်း အမွှေးတိုင်တွေ၊ စက္ကူတွေ မီးမရှို့ဖို့ကိုလည်း အာဏာပိုင်တွေက ပြောထားပါတယ်။
ဘန်ကောက်မြို့ရဲ့ မီးခိုးမြူ ပမာဏဟာ ၁ ကုဗမီတာကို ၁၇၀ မိုက်ခရိုဂရမ်လောက် ရှိနေတာမို့ အထူးသဖြင့် အသက်အရွယ် ကြီးရင့်သူတွေနဲ့ ကလေးငယ်တွေ အတွက် ကျန်းမာရေး အန္တရာယ် ရှိလာနိုင်ပါတယ်။
အခုအခါ ဘန်ကောက်မြို့မှာ မီးခိုးမြူတွေ မရှူမိအောင် လူတိုင်းလိုလို နှာခေါင်းစည်းတွေ ဝတ်ထားကြပြီး ဆိုင်တွေမှာ နှာခေါင်းစည်းတွေ ဝယ်လို့ မရတဲ့အထိ ပြတ်သွားပါတယ်။