BEC-TERO TV

အေးနေ၀င်းအတွက် ပုံတူပန်းချီကားလေးရေးဆွဲကာ အမှတ်တရလက်ဆောင်ပေးခဲ့တဲ့ ဟန်တီ

31 Jan 2019     1,774 Views


အနုပညာလောကထဲက ငွေကြယ်ပွင့်လေးတစ်ဦးဖြစ်တဲ့ အလှမယ်ဟန်တီကတော့ အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အလှမယ် မော်ဒယ်လောကမှာ အောင်မြင်နေသူတစ်ဦးဖြစ်ပါတယ်။ တရုတ်မလေးတစ်ယောက်လို ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာကောင်းလွန်းသူလေးဖြစ်ပြီး စကားပြောရင်လဲ ကလေးတစ်ယောက်ရဲ့ဟန်အမူအယာလေးတွေ မပျောက်သေးတာကြောင့် ပရိသတ်တွေကအားပေးချစ်ခင်နေကြရတာဖြစ်ပါတယ်။

ငယ်ရွယ်သေးတဲ့အရွယ်မို့ ပညာရေးကိုဦးစားပေးရင်း အနုပညာအလုပ်တွေကို တစ်ဖက်တစ်လမ်းက ကြိုးစားလုပ်ကိုင်နေတဲ့ ဟန်တီကတော့ Miss Myanmar World 2018 အလှမယ်တစ်ယောက်လည်းဖြစ်ပါတယ်။ ဟန်တီက လက်ရှိမှာတော့ ဥရောပကိုရောက်ရှိလို့နေတာဖြစ်ပါတယ်။ သူမဥရောပခရီးစဉ်ကို မထွက်ခွာခင်လေးမှာတော့ သူမကိုယ်တိုင်ရေးဆွဲထားတဲ့ ပုံတူပန်းချီကားလေးတစ်ခုကို အေးနေ၀င်းကိုလက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။

အေးနေ၀င်းကတော့ အားလုံးသိကြတဲ့အတိုင်း အလှမယ်ရွှေအိမ်စည်ရဲ့ ရည်းစားဟောင်းတစ်ယောက်ဖြစ်ပါတယ်။ အေးနေ၀င်းဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးနေ၀င်းရဲ့မြေးတော်စပ်သူဖြစ်ပြီး အခမ်းအနားအစီအစဉ်တော်တော်များများကိုလဲ စပွန်ဆာပေးနေသူဖြစ်ပါတယ်။ ယခုလိုမျိုးဟန်တီက ခဲပန်းချီပုံတူကိုကိုယ်တိုင်ရေးဆွဲကာ အမှတ်တရ လက်ဆောင်အဖြစ်ပေးတဲ့အကြောင်းကို အေးနေ၀င်းက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားတာပဲဖြစ်ပါတယ်။

“ညီမလေး ဟန်သီက သူကိုယ်တိုင် ရေးဆွဲပေးထားတဲ့ ပုံတူ ပန်းချီကားလေးကို သူ ဥရောပခရီးမသွားခင် ညနေမှာ လက်ဆောင်ပေးအပ်ခဲ့တာ တကယ်ကို အထူးကျေးဇူးတင်မိပါတယ်။ စေတနာနှင့် အချိန်ယူ ကြောင့်ကျဝါယမ စိုက်ထုတ်ပြီးပေးတဲ့ အမှတ်တရ လက်ဆောင်လေးမို့ အမြဲ တန်ဖိုးထားမိနေမှာပါ” ဆိုကာ အမှတ်တရလက်ဆောင်လေးပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းကိုရေးသားထားတာပဲဖြစ်ပါတယ်။

နှစ်ယောက်သားကြားကခင်မင်မှုကြောင့် သဘောရိုးနဲ့လက်ဆောင်ပေးခဲ့တာဖြစ်ပေမယ့် ပရိသတ်တွေကြားမှာတော့ အမျိုးမျိုးအဖုံဖုံသော ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။ တစ်ချို့လဲ အကောင်းဘက်ကနေ ဝေဖန်နေကြတာဖြစ်ပြီး တစ်ချို့ကလည်း အဆိုးဘက်ကနေ ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။ အားလုံးထင်မြင်ဝေဖန်သလို ဟုတ်မဟုတ်ကိုတော့ စာဖတ်ပရိသတ်တွေကပဲ ဆက်လက်စောင့်ကြည့်လိုက်ပါနော်….

 

 


31 Jan 2019     1,774 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment