ဖေဖော်ဝါရီလ (၅) ရက်နေ့မှာတော့ စိတ်ဝေဒနာရှင်မလေးဆီ အရောက်သွားတွေ့မယ့် ဇေရဲထက်
30 Jan 2019 1,560 Views
ရုပ်ရှင်သရုပ်ဆောင် ဇေရဲထက်ဟာဆိုရင် ကျရာဇာတ်ရုပ်ကိုအပီပြင်ဆုံးသရုပ်ဆောင်နိုင်ကာ အနုပညာအလုပ်တွေကို တစ်စိုက်မတ်မတ်ကြိုးစားလုပ်ကိုင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အနေအထိုင်လဲတည်ငြိမ်အေးဆေးသလို အနုပညာဝမ်းစာနဲ့ မိသားစုကိုလုပ်ကျွေးထောက်ပံ့နေတဲ့ သားကောင်းရတနာတစ်ယောက်ဖြစ်ပါတယ်။ အသားဖြူဖြူ ခပ်ချောချော ကိုလူချောတစ်ယောက်ဖြစ်တာကြောင့်ပင် ကြီးငယ်မရွေး မိန်းမထုကြီးရဲ့ဝန်းရံအားပေးခြင်းကို ခံထားရသူဖြစ်ပါတယ်။
ဇေရဲထက်ကို အခိုင်အမာအားပေးနေတဲ့ ပရိသတ်တွေထဲမှာတော့ သနားစရာကောင်းတဲ့ စိတ်ဝေဒနာရှင်မလေးလဲတစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှာနေထိုင်တဲ့ သူမဟာ ဇေရဲထက်ရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်တယ်လို့လဲဆိုပါတယ်။ ဇေရဲထက်ကို အရမ်းတွေ့ချင်တယ်လို့ပြောထားတဲ့ သူမရဲ့ဗီဒိယိုဖိုင်လေးက အွန်လိုင်းပေါ်မှာပေါက်သွားခဲ့ပြီး ကြည့်မိသူတိုင်းစိတ်မကောင်းဖြစ်ခဲ့ရသလို ထိုဗီဒီိယိုဖိုင်လေးကိုတွေ့သွားခဲ့တဲ့ ဇေရဲထက်ကိုယ်တိုင်လည်း ၀မ်းနည်းဝမ်းသာဖြစ်ခဲ့ရပါတယ်။
ဇေရဲထက်လာမယ့်နေ့ကိုပဲ မျှော်လင့်စောင့်ဆိုင်းနေပေမယ့် ဇေရဲထက်ကတော့ အလုပ်တွေမအားလပ်တာကြောင့် ထိုကလေးမလေးဆီ သွားရောက်မတွေ့ဆုံနိုင်သေးပဲ ဖြစ်နေခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ဖေ့စ်ဘွတ်ဆယ်လီတစ်ဦးဖြစ်သူ တိုးတိုးဦးက ဇေရဲထက်ရဲ့အိမ်သစ်မင်္ဂလာတက်ပွဲကိုသွားရင်း စိတ်ဝေဒနာရှင်ကောင်မလေးဆီ ဇေရဲထက်ဘယ်တော့သွားတော့မလဲဆိုတာကို မေးမြန်းရင်း ဗီဒီယိုရိုက်ကာသူရဲ့ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားခဲ့ပါတယ်။
ဗီဒီယိုဖိုင်ထဲမှာတော့ ဇေရဲထက်က အလုပ်တွေမအားတာကြောင့် သွားမတွေ့နိုင်ဖြစ်နေရကြောင်းနဲ့ လာမယ့် ဖေဖော်ဝါရီလ (၅) ရက်နေ့နဲ့ (၇) ရက်နေ့ကြားတော့ အရောက်လာတွေ့မယ်ဆိုတဲ့အကြောင်းကို အသိပေးပြောကြားထားပါတယ်။ စိတ်ဝေဒနာရှင်ကောင်မလေးအတွက်တော့ ၀မ်းသာစရာသတင်းပါပဲနော်။ ဒီလိုမျိုး ကိုယ်အရမ်းကြိုက်နှစ်သက် အားပေးရတဲ့ကိုယ့် Idol ကလာတွေ့မယ့်ဆိုတော့ တွေးရင်းနဲ့တောင် ရင်ခုန်စရာပါပဲနော်…