BEC-TERO TV

ရာသီခွင်အလိုက် အလိုက်ဖက်ဆုံးနတ်ဖတ်တဲ့ စုံတွဲများ

29 Jan 2019     2,112 Views


၁။ မိဿရာသီဖွား(မတ်လ ၂၁ မှ ဧပြီ ၂ဝထိ) - ဓနုရာသီဖွား(နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၁ ထိ)

မိဿရာသီဖွားတွေနဲ့ ဓနုရာသီဖွားတွေကတော့ လိုက်ဖက်လွန်းတဲ့ နတ်ရေးတဲ့ ဖူးစာပါပဲတဲ့။ တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်းဆုံရုံနဲ့ တစ်ယောက်ခံစားချက်ကို တစ်ယောက်နားလည်သိမြင်နိုင်တဲ့ Soul mate တွေဖြစ်ပါတယ်။ အတူရှိနေတဲ့အချိန်တွေဆိုရင် အနီးအနားပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေကိုတောင် ဂရုမထားမိနိုင်အောင် တစ်ယောက်နဲ့တစ်ယောက် ချစ်ကြည်နူး တစ်တီတူးကြပါတယ်။ 
 
ဝေးကွာနေတဲ့အချိန်တွေမှာလည်း တစ်ဦးနဲ့ တစ်ဦး စိတ်ချင်းဆက် နေတာကြောင့် ကြားလူတွေသွေးထိုးရင်တောင်ဘယ်လိုခွဲခွဲ မကွဲကြနိုင်ပါဘူး။ ဒါကြောင့် မိဿနဲ့ ဓနုတို့ကိုလိုက်ဖက်လွန်းတဲ့စုံတွဲ နတ်ဖတ်တဲ့စုံတွဲလို့ပြောကြတာဖြစ်ပါတယ်။

၂။ ပြိဿရာသီဖွား(ဧပြီ ၂၁ မှ မေ ၂ဝထိ) - ကန်ရာသီဖွား(သြဂုတ်လ ၂၄ မှ စက်တင်ဘာ ၂၃ ထိ)

ပြိဿရာသီဖွားနဲ့ ကန်ရာသီဖွား တို့ဟာ ကမ္ဘာမြေကိုကိုယ်စားပြုတဲ့ရာသီခွင်တွေဖြစ်ပါတယ်။ အကယ်၍ ဒီရာသီခွင်က လူနှစ်ယောက်သာ သမီးရည်းစားအဖြစ် ချစ်ကြိုက်ကြမယ်ဆိုရင် တစ်ဦးကိုတစ်ဦး အခိုင်မာဆုံး သစ္စာတရားနဲ့ ချည်နှောင်ထားကြမယ့် သူတွေဖြစ်ပါတယ်။ ပြိဿနဲ့ ကန်တို့ဟာ မိမိချစ်ခင်နှစ်သက်သူတွေကို သူမတူအောင် ဂရုစိုက်တတ်တဲ့နေရာမှာ နှစ်ယောက်မရှိတဲ့သူတွေဖြစ်ပါတယ်။ ဒီလို တူညီတဲ့အကျင့်စရိုက်တွေရှိတာကြောင့် ပြိဿနဲ့ ကန်တို့ကလဲ အမှန်တကယ် နတ်ဖတ်တဲ့စုံတွဲလေးတွေပါပဲ။

၃။ ဗြိစ္ဆာရာသီဖွား(အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ထိ) - မိန်ရာသီဖွား(ဖေဖော်ဝါရီ ၁၉ မှ မတ်လ ၂ဝထိ)

ရာသီခွင်တွေထဲမှာ စိတ်ခံစားချက်လွန်ကဲလွန်းတယ်လို့သတ်မှတ်ခံထားရတဲ့ ဗြိစ္ဆာရာသီဖွားတွေနဲ့ မိန်ရာသီဖွား တို့ကတော့ တစ်ယောက်နဲ့တစ်ယောက် အတူရှိနေတဲ့ အချိန်တွေမှာဆိုရင် အရာအားလုံးကိုမေ့ပြီး ပျော်ရွှင်နေကြပါသတဲ့။ 
 
ဗြိစ္ဆာနဲ့ မိန်ရာသီဖွားတို့ဟာ စိတ်ခံစားမှုလွန်ကဲတာကြောင့် သူတို့နဲ့ ပုံစံတူတဲ့ Soul Mate ၊ သူတို့ကိုစိတ်ချမ်းသာစေမယ့်သူမျိုး ရှာတွေ့ဖို့ခက်ခဲလှပါတယ်။ ရာသီခွင်တွေ အားလုံးထဲကမှ  ဗြိစ္ဆာနဲ့ မိန်တို့ဟာရှားရှားပါးပါး စိတ်တူကိုယ်တူ တစ်ဦးခံစားချက်ကို တစ်ဦးနားလည်ပေးနိုင်သူတွေဖြစ်တာကြောင့် သူတို့နှစ်ယောက်ဟာလဲ အလိုက်ဖက်ဆုံး နတ်ဖတ်တဲ့စုံတွဲတစ်တွဲပါပဲ။

29 Jan 2019     2,112 Views




RELATED

Most Popular of Special or Others

Most Popular of Life Style