ဟောလိဝုဒ် တော့ပ်စတားနှစ်ယောက်ဖြစ်တဲ့ ဘရက်ပစ်နဲ့ လီယိုနာဒို ပါဝင်သရုပ်ဆောင်မယ့် ရုပ်ရှင်ဇာတ်ကား
28 Jan 2019 1,457 Views
ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က ဟောလိဝုဒ် နာမည်ကြီးဒါရိုက်တာတစ်ယောက်လဲ ဖြစ် ဇာတ်ညွှန်းရေးဆရာ တစ်ဦးလဲဖြစ်တဲ့ Quentin Tarantino က ၂၀၁၉ ခုနှစ်မှာ ထွက်ရှိမယ့် ရုပ်ရှင်ဇာတ်ကားအကြောင်းကို မိတ်ဆက်ခဲ့ပါတယ်။
Quentin အနေနဲ့ ကြီးမားတဲ့ ပရောဂျက်တစ်ခုကိုပြုလုပ်ဖို့ရှိတယ်လို့ ၂၀၁၈ မှာပရိတ်သတ်ကို အသိပေးခဲ့ပြီး ၂၀၁၉ မှာတော့ အမှန်အကန်ကို အကောင်အထည်ဖော်လိုက်ပါပြီ။ တခြားမဟုတ်ပါဘူး။ နာမည်ကြီး တော့ပ်စတား နှစ်ယောက်ဖြစ်တဲ့ ဘရက်ပစ်နဲ့ လီယိုနာဒို တို့နှစ်ယောက်ကို အဓိက ဇာတ်ကောင် တွေအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကို စတင်ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Once upon a time in Hollywood ပါ။
ပစ်နဲ့ လီယိုနာဒိုတို့ဟာ ငယ်စဉ်ကတည်းက ခင်မင်ရင်းနှီးသူများဖြစ်ကြပြီး ဒီကားက ဒုတိယအကြိမ် ဇာတ်ကားတစ်ခုတည်းမှာ ပါဝင်သရုပ်ဆောင်တာဖြစ်ပါတယ်။ သူတို့နှစ်ယောက် အတူရိုက်ကူးဖူးတဲ့ ပထမဦးဆုံးဇာတ်ကားကတော့ 2015 မှာထွက်ရှိခဲ့တဲ့ ‘The Audition’ ပဲဖြစ်ပါတယ်။
Once upon a time in Hollywood မှာ လီယိုက အကသမားတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပြီး ဘရက်ပစ်ကတော့ စတန့်သမား တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ လီယိုတစ်ယောက် အကနဲ့ပတ်သတ်ပြီး အတွေ့အကြုံမရှိသေးတဲ့အတွက် အခက်အခဲအနည်းငယ်ရှိတဲ့အကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။
ဒီဇာတ်ကားဟာ 1969 ခုနှစ် ဟောလိဝုဒ်ရဲ့ အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားဖို့ ကြိုးစားနေကြတဲ့ လူငယ်သုံးယောက်ရဲ့ အိပ်မက်ကိုယ်စီ အကြောင်းကို ရိုက်ကူးဖော်ပြထားတာဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကြီးမှာ အဓိကဇာတ်ဆောင်မင်းသမီးအနေနဲ့ Margot Robbie နဲ့ Dakota Fanning တို့က ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး ဇာတ်ရံအနေနဲ့ God Father မင်းသားကြီး Al Pacino ကလဲ အားဖြည့် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
တကယ့် နာမည်ကြီး တော့ပ်စတားတွေပဲ ပါဝင်သရုပ်ဆောင်ထားတာမို့ မဖြစ်မနေကြည့်စောင့်ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးပါပဲ။