BEC-TERO TV

အိမ်ရှင်မတွေ ပုစွန်ဝယ်တဲ့အခါ သတိထား

28 Jan 2019     1,492 Views


ပင်လယ်စာ ပုစွန်ကြိုက်နှစ်သက်သူတွေနဲ့ အိမ်ရှင်မတွေပါ သတိထားရမယ့် သတင်းလေးဖြစ်ပါတယ်။ ဇနီးသည် ဈေးက ဝယ်လာတဲ့ ပုစွန်တွေကို ခင်ပွန်းဖြစ်သူက ထုံးစံအတိုင်း ကူညီပြီး အခွံတွေသင်ပေးရင်း ပုစွန်ခေါင်းထဲက မသင်္ကာစရာ အဖြူရောင်ပျော့အိအိ အနှစ်တွေ တွေ့ခဲ့ပါတယ်။ 
 
 
ပုစွန်တွေဟာ ပုံမှန်အတိုင်းမဟုတ်ပဲ ဦးခေါင်းပိုင်းက ပျော့ပြီး ဖြူဖွေးနေပါတယ်။ ပုစွန်ခေါင်းထဲက ပျော့စိစိအရာတွေက ဘာတွေလည်းဆိုတာကို သိချင်တဲ့အတွက် အွန်လိုင်းမှာ ရှာလိုက်တဲ့အခါ အလွန်ကြောက်စရာကောင်းတဲ့ ဂျယ်လီတွေ ဖြစ်နေတာကို သိခဲ့ရပါတယ်။ ဒါကြောင့် နောက်ဆုံးမှာတော့ သက်ဆိုင်ရာကို အသိပေးမှဖြစ်မယ်လို့ ဆုံးဖြတ်ပြီး ရဲတိုင်ကြားခဲ့ပါတယ်။
 
 
စုံစမ်းသိရှိရတဲ့ အချက်လက်တွေအရ ပုစွန်ရောင်းသူတွေဟာ အလေးချိန်ပိုစီးပြီး အမြတ်ပိုရဖို့အတွက် ပုစွန်ခေါင်းထဲကို မသန်းရှင်းတဲ့ ဂျယ်လီ (တိရိစ္ဆာန်အရေခွံနဲ့ အရိုးတွေကို ပြုတ်ပြီး ထုတ်လုပ်ထားတဲ့ ဂျယ်လီ)တွေထိုးထည့်ထားတာဖြစ်ပါတယ်။ 
 
 
ရောင်းချသူတွေဟာ ပုစွန် ၁ ကီလိုကို ဂျယ်လီထိုးလိုက်ပါက အလေးချိန် ၁.၂ ကီလိုထိ အလေးချိန်စီးသွားပြီး ပုစွန်ကောင်လည်း ကြီးလာတာမို့ ဈေးတင်ရောင်းချနိုင်တာဖြစ်ပါတယ်။
 
 
သက်ဆိုင်ရာက ရောင်းချသူကို သွားရောက်စစ်ဆေးကာ အရေးယူမှုတွေ ပြုလုပ်ခဲ့သလို ဈေးဝယ်သူတွေအနေနဲ့ ပုစွန်ဝယ်တဲ့အခါ သေချာရွေးဝယ်ဖို့ မချက်ပြုတ်မီမှာလည်း စနစ်တကျဆေးကြောပြီး အန္တရာယ်မကင်းတဲ့ အရာတွေ ပါ၊ မပါဆိုတာကို ဂရုတစိုက် စစ်ဆေးကြဖို့ တိုက်တွန်းထားပါတယ်။

28 Jan 2019     1,492 Views




RELATED

Most Popular of Special or Others

Most Popular of NEWS