ရုပ်ချောလွန်းလို့ ပြည်နှင်ဒဏ်ပေးခံရပြီးတဲ့နောက် ဘာတွေဆက်ဖြစ်ခဲ့လဲ..?
25 Jan 2019 4,075 Views
ဆော်ဒီအာရေးဗီးယားနိုင်ငံက အမျိုးသားတစ်ဦးဟာ ရုပ်ချောလွန်းလို့ ဆိုပြီး လွန်ခဲ့တဲ့ ၅ နှစ်ဝန်းကျင်က ပြည်နှင်ဒဏ်ပေး တိုင်းပြည်က မောင်းထုတ်တာခံခဲ့ရပါတယ်။
“အိုမာ ဘော်ခန် အယ်လ်ဂါလာ” ရဲ့ ယောက်ျားဆန်ပြီး တည်ငြိမ်ခန့်ညားလွန်းတဲ့ ဓါတ်ပုံ အွန်လိုင်းပေါ်မှာ လျှပ်စီးလက်သလို ပျံ့နှံခဲ့ပြီး အချိန်တိုအတွင်းမှာ ကမ္ဘာအနှံ့က မိန်းကလေးပရိသတ် ဖော်လိုဝါ ၁ သန်းကျော်ရှိလာခဲ့ပါတယ်။
အဲဒီလို ကြောက်စရာကောင်းလောက်အောင် ရုတ်တရက် နာမည်ကြီးသွားလို့လည်း တိုင်းပြည်က နှင်ထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ အာဏာပိုင်တွေရဲ့ အကြောင်းပြချက်ကတော့ သူ့ကို ပိုးပန်းရင်း ဆော်ဒီကအမျိုးသမီးတွေ အချင်းချင်း ပြဿနာတွေဖြစ်လာမှာ မလိုလားတာကြောင့်လို့ ဆိုပါတယ်။ (ဒီအကြောင်းပြချက်ထက် ဆော်ဒီမင်းသားရဲ့ မနာလိုမှုကြောင့်က ပိုပြီး ဖြစ်နိုင်ပါတယ်)
တိုင်းပြည်ကနေ ပြည်နှင်ဒဏ်ပေးလိုက်တယ်ဆိုတဲ့ သတင်းကြောင့် ပိုပြီးနာမည်ကြီးလာခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ “အိုမာ” ရဲ့ သတင်းတွေ တစတစ မီဒီယာခေါင်းကြီးပိုင်းတွေမှာ မှေးမှိန်ပျောက်ကွယ်သွားခဲ့တာ အခုဆိုရင် ၅ နှစ်ဝန်းကျင်ရှိနေပါပြီ။
ပြည်နှင်ဒဏ်ပေးခံရပြီးနောက်မှာ သူဘာတွေ ဆက်ဖြစ်ခဲ့လဲ..? အရမ်းချောလို့ပါဆိုတဲ့ လူတစ်ယောက်ဟာ မီဒီယာတွေပေါ်မှာ ထွန်းတောက်မလာပဲ ဘာကြောင့်မို့ တစ်ဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားလည်းဆိုတာ စိတ်ဝင်စားစရာပါ။
“အိုမာ”ရဲ့ကျော်ကြားမှုဟာ အကြာကြီးမခံလိုက်ပါဘူး၊ ဒါပေမယ့် သူ့အတွက် အကျိုးအမြတ်အချို့တော့ ရရှိလိုက်ပါတယ်။ ပြည်နှင်ဒဏ်ပေးခံရပြီး “အိုမာ” ဟာ ဗီယက်နမ်နိုင်ငံမှာ စတင်အခြေချခဲ့ပါတယ်။ အဲဒီမှာ မော်ဒယ်အေဂျင်စီတွေရဲ့ ဖိတ်ကြားမှုတွေနဲ့ နေရာအတော်များများမှာ ပွဲတက်ခဲ့ရပါတယ်။ ရောက်တဲ့နေရာတိုင်းမှာလည်း ချောမောလွန်းလို့ ပြည်နှင်ဒဏ်တောင် ပေးခံထားရသူအဖြစ် မိန်းကလေးတွေရဲ့ လေးလေးစားစား ဆက်ဆံမှုကိုလည်း ခံခဲ့ရပါတယ်။
ဒါပေမယ့်နောက်ပိုင်းမှာ သူ့ကိုအပြင်မှာ မြင်တွေ့ရသူတွေက ဒီလောက်ကြီးလည်း ချောမောတဲ့သူ မဟုတ်မှန်း သိလာကြပါတယ်။ အွန်လိုင်းပေါ်မှာ နာမည်ကြီးသွားခဲ့တဲ့ ဓါတ်ပုံဟာ ပင်ကိုရုပ်ရည်ထက် ဖိုတိုရှော့မွမ်းမံပြင်ဆင်ထားမှုကြောင့်ဆိုတာ သိသွားကြပါတယ်။
အဲဒီအချိန်မှာ ဗီယက်နမ် အမျိုးသမီးပရိသတ်တွေက သူအပေါ် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သတင်းတွေကလည်း သူ့အကြောင်းတွေ မဖော်ပြတော့သလို သူကိုယ်တိုင်လည်း လူမှုကွန်ယက်တွေပေါ်မှာ ငြိမ်ချက်သားကောင်းပြီး ပျောက်နေခဲ့ပါတယ်။
လက်ရှိမှာတော့ “အိုမာ” ဟာ ကနေဒါနိုင်ငံ ဘန်ကူးဗားမြို့မှာ ပြောင့်ရွေ့နေထိုင်နေပါတယ်။ လက်ရှိသူ့ရဲ့ ဓါတ်ပုံကတော့ အရင်ကလို တောက်ပလင်းလက် စွဲဆောင်မှုရှိတဲ့ ပုံစံမျိုးမဟုတ်တော့ပဲ သူလိုကိုယ်လို သာမန်ရုပ်ရည်သာ ရှိတာကို တွေ့ရပါတယ်။
ဒီပုံကို တွေ့ပြီးတဲ့နောက် ပရိသတ်တွေအားလုံးက အရင်တုန်းက ပုံတွေဟာ ဖိုတိုရှော့လုပ်ချက်တွေဆိုတာကို ပိုလိုတောင် သံသယမရှိ ယုံကြည်သွားကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာပေါ်မှာ ရုပ်ချောလွန်းလို့ ပြည်နှင်ဒဏ်ပေးခံရတယ်ဆိုတဲ့ ဂုဏ်ပုဒ်ကတော့ သူနဲ့အတူတွဲနေဦးမှာဖြစ်ပါတယ်။
(ပိုပိုလေးအဖွဲ့သားများ)