သိန်းရာကျော်တန်ကြေးရှိအိတ်ကို ချစ်သူကမွေးနေ့လက်ဆောင်အဖြစ်ပေးလို့ ပျော်နေတဲ့နေခြည်ဦး
25 Jan 2019 1,455 Views
Beauty Blogger မလေးနေခြည်ဦးကိုတော့ ပွင့်လင်းတဲ့စကားပြောဟန်တွေ၊ သူမရဲ့သွက်လက်ထက်မြတ်တဲ့ ပင်ကိုအရည်အချင်းတွေကြောင့် ပရိသတ်တွေကအချစ်တွေပိုခဲ့ကာ မိန်းမသားထုကြီးက အခိုင်အမာဝန်းရံခဲ့ကြတာပဲဖြစ်ပါတယ်။ မိန်းကလေးတွေရဲ့ အလှအပရေးရာနဲ့ပတ်သက်ပြီး အကောင်းဆုံးသောအကြံညာဏ်တွေကို ပေးလေ့ရှိတဲ့ချီချီက ယခုဆိုရင် သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ အနုပညာလောကထဲမှာ ရပ်တည်လာနေပြီပဲဖြစ်ပါတယ်။
အောင်မြင်မှုတွေကို ရရှိလာပြီးတဲ့နောက် ချစ်သူနဲ့ခဏတာ ကတောက်ကဆဖြစ်ကာ လမ်းခွဲခဲ့ကြပေမယ့် ချစ်သူရဲ့နားလည်ပေးနိုင်စွမ်းတွေကြောင့် ပြန်လည်အဆင်ပြေသွားပြီပဲဖြစ်ပါတယ်။ ပရိသတ်ရဲ့အချစ်တွေ၊ ချစ်သူကပေးတဲ့အချစ်၊ အချစ်တွေများစွာနဲ့ဘ၀ကိုဖြတ်သန်းနေတဲ့ ချီချီကတော့ ဒီကနေ့ ဇန်န၀ါရီလ ၂၅ ရက်နေ့မှာ အသက် (၂၇) ပြည့်သွားပြီပဲဖြစ်ပါတယ်။ မွေးနေ့အတွက်ရည်ရွယ်ကာ အလှူအတန်းတွေလဲပြုလုပ်ခဲ့သလို ချစ်ခင်ရသူတွေနဲ့လည်း ပျော်ရွှင်စွာဖြတ်သန်းခဲ့တာကိုတွေ့ရပါတယ်။
မွေးနေ့ရက်လေးမှာ ချစ်သူနဲ့အင်းလေးကိုရောက်ရှိနေတဲ့ ချီချီတစ်ယောက်ကတော့ ချစ်သူဆီကနေ တန်ဖိုးကြီးအိတ်လေးတစ်လုံးကို မွေးနေ့လက်ဆောင်အဖြစ်ရရှိခဲ့ပါတယ်။ ချီချီရရှိခဲ့တဲ့ လက်ဆောင်လေးကတော့ Hermes Brikin အိတ်လေးဖြစ်ပြီး ထိုအိတ်လေးက သိန်း ၃၀၀ ကျော်တန်ဖိုးရှိတာပဲဖြစ်ပါတယ်။ အလိုချင်ဆုံးအိတ်လေးကို မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တဲ့အတွက် နေခြည်ဦးတစ်ယောက် အရမ်းကိုပျော်ရွှင်နေသလို ချစ်သူကိုလဲ ကျေးဇူးတင်စကားလေးဆိုထားပါတယ်။
“အလိုချင်ဆုံး မွေးနေ့လက်ဆောင်လေးကို တစ်ပတ်လောက်အလိုမှာ ဝယ်လို့မရဘူးပြောပြီး
စိတ်ညစ်အောင် ထားထားတယ်။ မွေးနေ့မနက်မှာ surprise ဆိုပြီး အင်းလေးအထိ
တိတ်တိတ်လေး သယ်လာပေးတယ်။ ကိတ်မုန့်လည်း ကျွေးတယ် ပန်းစည်းလည်းပေးတယ်။
ကြည်နူးရပါတယ် အဖိုးကြီး ရယ်… မွေးနေ့မှာ ဆုမွန်ကောင်းတောင်းပေးတဲ့
တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုလည်း နေခြည်အရမ်း ကျေးဇူးတင်ပါတယ်။ Love you moreee my chillies