Gym သွားစရာမလိုပဲ ခန္ဓာကိုယ်အချိုးအစားထိန်းပေးနိုင်မယ့် နည်းလမ်းကောင်းများ
25 Jan 2019 1,528 Views
သင်ဟာ Gym သွားရမှာအပျင်းကြီးသူတစ်ယောက်လား? ဒါမှမဟုတ် Gym သွားဖို့အချိန်မမေးနိုင်သူတစ်ယောက်လား? ဒါဆိုရင် Gym သွားစရာမလိုပဲ ခန္ဓာကိုယ်အချိုးအစားကို ပုံမှန်ဖြစ်အောင်ထိန်းပေးနိုင်တဲ့နည်းလမ်းကောင်းလေးတွေ ဝေမျှပေးပါရစေ။
၁။ ဥနီများများစားပါ။
၂။ ကယ်လဆီယမ်ဓာတ်ကြွယ်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေများများစားသုံးပေးပါ
၃။ ဖောလစ်အက်ဆစ်ဓာတ်ကြွယ်ဝတဲ့ ကြက်ဥ၊တိုဖူး တို့ကိုနေ့စဉ်စားသုံးပါ။
၄။ ဗီတာမင် D ရအောင်နေရောင်နဲ့အမြဲထိတွေ့ပါ။
၅။ အသားစားချင်တယ်ဆိုရင် ကယ်လိုရီနည်းတဲ့ပင်လယ်စာ၊ ဥပမာ ပုစွန်လိုအရာမျိုးကို အဓိကထားစားသုံးပေးပါ
၆။ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်းတို့ကို စားသုံးပေးပါ။
၇။ ဗီတာမင်စီ ကြွယ်ဝတဲ့အသီးအနှံများကိုစားသုံးပါ။
၈။ ဗီတာမင် E အတွက်အစေ့အဆန် တွေများများစားသုံးပေးပါ။
(ပိုပိုလေး)