BEC-TERO TV

ဂျက်စတင်ဘီဘာနဲ့လမ်းခွဲပြီး စိတ်ပိုင်းဆိုင်ရာဘယ်လိုပြန်တည်ဆောက်သလဲဆိုတာ ပြောပြလိုက်တဲ့ Selena

24 Jan 2019     1,597 Views


အမေရိက ပေါ့ပ်အဆိုတော် Selena Gomez ဟာ ယခင်ရည်းစားဟောင်း ဂျက်စတင်ဘီဘာနဲ့ လမ်းခွဲပြီး စိတ်ပိုင်းဆိုင်ရာ ကုသမှုခံယူခဲ့ရပါတယ်။ ဂျက်စတင် တစ်ယောက် ရုတ်တရက် Hailey Baldwin နဲ့စေ့စပ်လိုက်ရာက ရုတ်တရက် Mental breakdown ဖြစ်သွားခဲ့တယ်လို့ ဟောလိဝုဒ် သတင်းမီဒီယာတွေကဆိုထားပါတယ်။


အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ Selena Gomez ဟာ instgram မှာ  လူသန်းပေါင်း ၁၄၄သန်း followers ရရှိထားသူဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ဒုတိယ followers အများဆုံးဖြစ်ပါတယ်။ ပထမကတော့ ပေါ်တူဂီဘောလုံးသမား စီရော်နယ်ဒို ဖြစ်ပါတယ်။


ယခင်က Instagram မှာ Followers အများဆုံးက Selena ဖြစ်ခဲ့ပြီး သူမ စိတ်ပိုင်းဆိုင်ရာ ကုသမှုကိုခံယူဖို့အတွက် instagram ကိုမသုံးတော့ပဲ ခေတ္တရပ်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။ သူမ instagram ကို မန်နေဂျာနဲ့ အပ်ထားပြီး ပရိတ်သတ်တွေ မစိုးရိမ်ရအောင် မန်နေဂျာကပဲ ပို့စ်တွေကို update ပေးခဲ့ပါတယ်။


Selena က ချစ်သူနဲ့လမ်းခွဲပြီး သူမကိုယ်သူမ ဘယ်လိုပြန်လည်တည်ဆောက်ခဲ့သလဲ ဆိုတာ Vogue ရဲ့ အင်တာဗျူးတစ်ခုမှာဖြေကြားထားပါတယ်။ ‘အထီးကျန်ခြင်း ဝေဒနာကို ကျွန်မခံစားခဲ့ရတယ်။ ဘာကိုမှ အကြောင်းအရင်းမရှိစိုးရိမ်နေမိတယ်၊ အကောင်းမြင်တဲ့စိတ်တွေပျောက်ကွယ်သွားတယ်၊ စင်ပေါ်တက်ပြီး မဖျော်ဖြေခင်နဲ့ ဖျော်ဖြေပြီး အမျိုးအမည်မသိပဲ ဝမ်းနည်းတတ်လာတယ်’ လို့ ပြောထားပါတယ်။

 

Selena ဟာ စိတ်ပိုင်းဆိုင်ရာကုသရေးစင်တာမှာ ရက်ပေါင်း (၉၀) ကြာအောင် ဆေးကုသမှုခံယူနေခဲ့တာဖြစ်ပါတယ်။ သူမနဲ့ စိတ်ရောဂါကု ဆရာဝန်နဲ့ one by one ကုသမှုခံယူခဲ့တယ်လို့သိရပါတယ်။


Selena ကိုကုသခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာနည်းကတော့ မြင်းတစ်ကောင်နဲ့ ကုသတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ တိရစ္ဆာန်တွေထဲမှာ မြင်းတွေက အကောင်းမြင်စေတဲ့စိတ်ကို အများဆုံးလှုံ့ဆော်ပေးနိုင်စွမ်းရှိလို့ မြင်းတွေကို အသုံးပြုရတာဖြစ်တယ်လို့ စိတ်ပိုင်းဆိုင်ရာ ရောဂါကုထုံး ဆရာဝန် Linda Esposito ကပြောကြားထားပါသေးတယ်။


အခုတော့ Selena တစ်ယောက်ဆေးကုသမှုခံယူပြီး အဆင်ပြေလာတဲ့ပုံပါပဲ။ သူမဆံပင် အတိုညှပ်ပစ်တဲ့ပုံကို instagram story ကနေတစ်ဆင့် ပရိတ်သတ်ကိုအသိပေးခဲ့ပါတယ်။ အရင်ကထက် မိသားစုနဲ့ နွေးနွေးထွေးထွေးနေထိုင်ဖြစ်ပြီး သူငယ်ချင်းဖြစ်သူ တေလာဆွစ်ဖ်ကလဲ သူမကအနားမှာ အမြဲဖေးမပေးနေလျက်ရှိပါတယ်။


ပရိတ်သတ်ကြီးရေ Selena ကိုချစ်တယ်၊ Selena ကျန်းမာရေးအမြန်ကောင်းပြီး အရင်လိုအမြဲ တက်ကြွပြုံးပျော်နေတဲ့ Selena ကိုပြန်မြင်ချင်ကြတယ်မဟုတ်လား။ Selena ကိုချစ်တယ်ဆိုရင် သူမအမြန်ဆုံးနေပြန်ကောင်းလာစေဖို့ ဆုတောင်းပေးလိုက်ကြပါဦး။


 


24 Jan 2019     1,597 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS