BEC-TERO TV

အော်စကာဆု စကာတင်စာရင်းထဲပါလို့ မျက်ရည်ကျမတတ်ပျော်ခဲ့ရတယ်ဆိုတဲ့ လေဒီဂါဂါ

23 Jan 2019     1,413 Views


‘A Star is born’  ရုပ်ရှင်ဇာတ်ကား ဟာဆိုရင် ၂၀၁၈ အတွင်းမှာရုံတင်ပြသခဲ့တဲ့ လေဒီဂါဂါ ပထမဦးဆုံးပါဝင်သရုပ်ဆောင်တဲ့ ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီကားဟာ သရုပ်ဆောင်မင်းသား Bradley Cooper ရဲ့ ပထမဦးဆုံး ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။


လေဒီဂါဂါဟာ Golden Golobes ဆုပေးပွဲမှာ A Star is born ရုပ်ရှင်ဇာတ်ကားတွင်ပါဝင်သော သူမကိုယ်တိုင်ရေးသားခဲ့တဲ့ Shallow သီချင်းနဲ့ ‘Best Original Song’ ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။


အခုလက်ရှိမှာတော့ ဂါဂါဟာဟောလိဝုဒ်ရဲ့ အကြီးကျယ်အခမ်းနားဆုံး အော်စကာဆုပေးပွဲကြီးမှာ Best Actress နဲ့ Best Song Oscars ဆုတွေကို ဆွတ်ခူးရရှိနိုင်မယ့် စကာတင်လူစာရင်းထဲမှာပါဝင်နေခဲ့ပါတယ်။ ဒီသတင်းကို ကြားကြားချင်း ဂါဂါတစ်ယောက် ငိုမိမတတ်ဖြစ်ခဲ့ပါတယ်တဲ့။


‘ဒီသတင်းကို ကျွန်မ အိပ်ရာကနိုးနိုးချင်း မနက် ၈ ခွဲလောက်မှာ မန်နေဂျာလာပြောလို့သိလိုက်ရတာပါ ကြားကြားချင်းငိုမိမတတ်ပါပဲ။ တစ်ချိန်တည်းမှာပဲ သရုပ်ဆောင်တစ်ယောက်အနေနဲ့ရော အဆိုတော်တစ်ယောက်အနေနဲ့ပါ အသိအမှတ်ပြုခံရတဲ့အတွက် ဒီခံစားချက်ကို ပြောမပြတတ်အောင်ကိုပျော်ပါတယ်။’ လို့ပြောပါတယ်။


‘အော်စကာဆု စကာတင်ထဲပါတာကျွန်မတစ်ဦးတည်း အနိုင်ရရှိတာမဟုတ်ပါဘူး။ အီတလီယမ်တွေအတွက် အနိုင်ရရှိတာဖြစ်တယ်။ ကျွန်မ မိသားစုအတွက်၊ လူမျိုးအတွက် ဒီထက်ပိုကြိုးစားသွားမှာပါ’ လို့လဲပြောထားပါတယ်။

ပရိတ်သတ်ကြီး နားထောင်ဖို့အတွက် လေဒီဂါဂါကိုယ်တိုင်ရေးသားထားတဲ့ Shallow သီချင်းကိုခံစားနားဆင်ကြည့်လိုက်ကြပါဦး။ ဒီသီချင်းလေးက Golden Globes မှာ Best Original Songs ဆုကိုရရှိခဲ့တာပါ။ ခံစားနားဆင်ကြည့်လိုက်ကြပါဦး။



23 Jan 2019     1,413 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS