ရာဇဝတ်မှုကျူးလွန်သူ၏ အသက်ကန့်သတ်ချက်ကို ဖိလစ်ပိုင်သမ္မတ ဒူတာတေး လျော့ချ
23 Jan 2019 1,402 Views
ဖိလစ်ပိုင်နိုင်ငံတွင် ရာဇဝတ်မှုကျူးလွန်သူများကို အပြစ်ပေးနိုင်ဖို့ ကန့်သတ်ထားသည့် အသက် ကန့်သတ်ချက်ကို သမ္မတဒူတာတေး လျော့ချပစ်ခဲ့သဖြင့် လွတ်တော်အမတ်များနဲ့ သမ္မတအကြား အငြင်းပွားမှုများ ဖြစ်ပွားလျှက်ရှိပါတယ်။
ပြစ်မှုကျူးလွန်သူဟာ အသက် ၉ နှစ်ပြည့်သူ ဖြစ်ပါက သူကျူးလွန်ခဲ့တဲ့ အပြစ်နဲ့ ညီမျှတဲ့ ပြစ်ဒဏ်ကို ကျခံရမည်ဟု သမ္မတက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ယခင်က အသက် ၁၅ နှစ်ပြည့်မှသာ ပြစ်ဒဏ်ကျခံရမည်ဟု သတ်မှတ်ထားရမှ အသက် ၉ နှစ်သို့ သက်က်ကန့်သတ်မှု လျော့လိုက်သည့်အပေါ် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားသူများ၊ နိုင်ငံရေးသမားများကတစ်ဖက် သမ္မတနဲ့ သဘောထားကွဲလွဲနေကြခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ်မှာ ဒူတာတေးက သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် သေဒဏ်ကျခံမှု ပြစ်ဒဏ်ကို ပြန်လည်မိတ်ဆက် ပြဌါန်းခဲ့ပြီး ရာဇဝတ်မှုများအပေါ် သူထားရှိတဲ့ သဘောထားကို ခပ်တင်းတင်းပြသခဲ့ပါတယ်။ ယခုလို ပြစ်စ်ဒဏ်ကျခံရမည့် အသက် ကန့်သတ်ချက် လျော့ချမှုအစီစဉ်ကို တနင်္လာနေ့က ခွင့်ပြုလိုက်ပြီဖြစ်ပေမယ့် ဥပဒေရေးဆွဲဖို့အတွက်တော့ ကြားနာမဲပေးရဦးမှာဖြစ်ပါတယ်။
“ဒါဟာတရားမျှတမှုမရှိဘူး၊ အကြင်နာတရားခေါင်းပါးတဲ့ ပတ်ဝန်းကျင်ဖြစ်လာအောင် မြေတောင်မြှောက်ပေးနေသလိုပဲ ပြီးတော့ ကိုယ့်လူမျိုးကိုလည်း အလေးမထားရာရောက်နေတဲ့အပြင် နိုင်ငံတစ်ကာကတိကဝတ်တွေနဲ့လည်း ဖိလစ်ပိုင်က ဆန့်ကျင်သလို ဖြစ်နေတဲ့အတွက် အသက်ကန့်သတ်ချက် လျော့ချမှုကို လက်မခံနိုင်ဘူး” လို့ ဒူတာတေး ကို အမြဲဝေဖန်နေတဲ့ အန်တိုနီယို ထရီလန့်စ် က ဆိုပါတယ်။
မည်သို့ပင်ဆိုစေကာမူ ယူကေမှာတော့ ပြစ်မှုပြစ်ဒဏ်ကျခံရန် အသက် ၁၀ နှစ် ကန့်သတ်ထားပြီး စကော့တလန်မှာဆိုရင် အသက် ၈ နှစ်အရွယ်ကိုတောင် တရားစွဲဆိုလို့ရပါတယ်။