ကွယ်လွန်သူဦးကင်းအတွက် သူငယ်ချင်းဖြစ်သူဌက်ပျောကြော်ရဲ့ ကြေကွဲဖွယ်နှုတ်ဆက်စကား
23 Jan 2019 1,549 Views
ဇန်န၀ါရီလ (၂၂) ရက်နေ့မှာ ရုတ်တရက်ကြီးလူ့လောကထဲကနေ ထွက်ခွာသွားပြန်တဲ့ ဟာသသရုပ်ဆောင် ကင်းကောင်ရဲ့နာရေးသတင်းဟာဆိုရင် ကြားရသူတိုင်းအဖို့ စိတ်မကောင်းဝမ်းနည်းကြီးစွာဖြစ်ခဲ့ရပါတယ်။ ရုပ်ရှင်ရိုက်ကူးရင်း ရုတ်တရက်သေဆုံးသွားတာကြောင့် ဦးကင်းရဲ့မိသားစုသာမက အနုပညာရှင်ညီအစ်ကိုမောင်နှမများကပါ စိတ်မကောင်းကြီးစွာဖြစ်လို့နေကြပါတယ်။
အနုပညာကို ၀ါသနာကြီးသူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေကို နှစ်ပေါင်းများစွာ ဟာသတွေပြုလုပ်ရင်းနဲ့ ဘ၀အမောတွေခေတ္တဖြေဖျောက်ကာ ရယ်မောပျော်ရွှင်စေခဲ့တဲ့ လူရွှင်တော်တစ်ဖြစ်လဲ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေက အမှတ်တရရှိကာ ဦးကင်းသေဆုံးမှုအတွက် စိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်။ ပုပ္ပားမှာရုပ်ရှင်ရိုက်ကူးနေရင်း ရုတ်တရက်ချွဲကျပ်လာကာ လောကကြီးထဲက အပြီးအပိုင်းထွက်ခွာသွားတဲ့ ဦးကင်းအတွက် ခင်မင်ရသူအနုပညာရှင်များ အမှတ်တရရှိခဲ့တဲ့အဖြစ်အပျက်တွေကို ပြန်လည်ဝေမျှကာ ၀မ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းတွေကို အသီးသီးရေးသားခဲ့ကြပါတယ်။
လူရွှင်တော်ဘ၀ထဲက အဖွဲ့တစ်ဖွဲ့ထဲဖြစ်ခဲ့ပြီး အရမ်းခင်မင်ကြတဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ဌက်ပျောကြော်မှ အရာအားလုံးကိုနှုတ်ဆက်ထွက်ခွာသွားပြီဖြစ်တဲ့ ဦးကင်းအတွက် ကြေကွဲဆို့နင့်ဖွယ် နောက်ဆုံးနှုတ်ဆက်စကားလေးကို ၀မ်းနည်းစွာနဲ့ရေးသားခဲ့တာကိုတွေ့ရပါတယ်။ ဌက်ပျောကြော်ရေးသားထားတာကတော့ “ကင်းရေ မင်းငါ့ကိုနမ်းဖို့ ပါးတစ်ဖက်ကျန်သေးတယ်လေကွာ....” ဆိုကာ သူငယ်ချင်းဖြစ်သူနဲ့ အမှတ်တရပုံရိပ်ကိုတင်ရင်း ခင်မင်ရဆုံးသူငယ်ချင်းဖြစ်သူနဲ့ ဘယ်တော့မှပြန်မတွေ့နိုင်တော့တာကြောင့် ၀မ်းနည်းခြင်းများစွာနဲ့ ရေးသားခဲ့တာပဲဖြစ်ပါတယ်။
ယခုလိုမျိုး အနုပညာသမားကောင်းတစ်ယောက်၊ ဟာသသရုပ်ဆောင်ကောင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာကြောင့် ဦးကင်းရဲ့မိသားစုတွေသာမက ပရိသတ်တွေကပါ စိတ်မကောင်းတသသဖြစ်နေကြတာပဲဖြစ်ပါတယ်။ လူရွှင်တော်ကြီးဦးကင်းကောင်ရဲ့ ရုပ်အလောင်းကိုတော့ ပုပ္ပားကနေ ရန်ကုန်သို့သယ်ဆောင်လာခဲ့ပြီး ဇန်န၀ါရီလ (၂၄) ရက် ကြာသပတေးနေ့တွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသဂြိုလ်သွားမှာဖြစ်ပါတယ်။ ကွယ်လွန်သူဦးကင်းတစ်ယောက် ကောင်းရာဘုံဘ၀ကိုရောက်ပါစေလို့ ပိုပိုလေးအဖွဲ့သားတွေမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်…