အသက် ၃၀ ကျော် အပျိုကြီးမမတွေသာ ရရှိမယ့် သီးသန့်အခွင့်အရေး
23 Jan 2019 1,720 Views
အသက် ၃၀ ကျော်လာပြီး အိမ်ထောင်မကျသေးတဲ့ အပျိုကြီးမမတွေကို အခုလာမယ့် တရုပ်နှစ်သစ်ကူးမှာ ချစ်သူရှာဖို့အတွက် အလုပ်ပိတ်ရက်ကို အခြားသူများထက် (၈)ရက် ပိုပြီး ပိတ်ပေးသွားမှာဖြစ်ပါတယ်။
တရုပ်နိုင်ငံအရှေ့ပိုင်း ဆောင်းမင်းဆက်ရဲ့ ပုံရိပ်တွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ ဟန်ကျိုးပြည်နယ်မှာက ခရီးသွားကုမ္ပဏီ “ဟန်ကျိုးဆောင်ခန်းခရီးသွားလုပ်ငန်း” က သူ့ဝန်ထမ်းတွေထဲက အသက် ၃၀ ကျော်တဲ့ အပျိုကြီး(အမျိုးသမီး) များကို လာမယ့်နှစ်သစ်ကူး အားလပ်ရက်ပိတ်ရက်မှာ ချစ်သူရှာနိုင်ဖို့ ထပ်ဆောင်း (၈)ရက် တိုးပေးကြောင်း ပြောဆိုခဲ့ပါတယ်။
တရုပ်နိုင်ငံမှာ အမျိုးသမီးတွေ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ “အပျိုသိုး”လို့ သတ်မှတ်ကြပါတယ်။ ကုမ္ပဏီမှာရှိတဲ့ အပျိုသိုးဝန်ထမ်းတွေအနေနဲ့ အချိန်ပိုနားရက် ၈ ရက်အတွင်းမှာ ချစ်သူရှာလို့ရအောင် အခုလိုအထူးအခွင့်အရေး ပေးတာလို့ဆိုပါတယ်။
တရုပ်နိုင်ငံက အမျိုးသမီးတွေဟာ အိမ်ထောင်ပြုရေးထက် ခိုင်မာတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ရရှိဖို့ကိုပဲ အာရုံပိုစိုက်လာကြပါတယ်။ အိမ်ထောင်နောက်ကျမှပြုတာ ဒါမှမဟုတ် လုံးဝအိမ်ထောင်မပြုတော့တာတွေ ရှိလာနေပါတယ်။
၂၀၁၅ ခုနှစ် စစ်တမ်းအရ တရုပ်နိုင်ငံမှာ အိမ်ထောင်မရှိတဲ့ အရွယ်ရောက်ပြီးသူ သန်း ၂၀၀ ကျော်ရှိနေပါတယ်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းကစလို့ အိမ်ထောင်ပြုနှုန်း တစ်နှစ်ထက်တစ်နှစ် တစတစ ကျဆင်းလာခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးရဲ့ အချက်လက်တွေမှာ တွေ့ရပါတယ်။
အခုလို အပျိုကြီးတွေအတွက် ခွင့်ရက်အပိုပေးတဲ့ အစီစဉ်ကို အစပျိုးလုပ်ဆောင်တဲ့အပေါ် အခြားအလုပ်ရှင်များလည်း အတုယူသင့်ကြောင်း ကုမ္ပဏီရဲ့ လူ့စွမ်းအားရင်းမြစ်ဌါန မန်နေဂျာ “ဟောင်းလီ” က ပြည်တွင်းအွန်လိုင်း သတင်းတစ်ခုမှာပြောကြားခဲ့ပါတယ်။
ဟန်ကျိုးမှာရှိတဲ့ အထက်တန်းကျောင်းက အိမ်ထောင်မရှိ၊ ကလေးမရှိတဲ့ ဆရာတွေကို တစ်လမှာ နေ့ဝက်ခွင့် နှစ်ရက် (ချစ်သူရှာရန်၊ ကလေးရအောင်ကြိုးစားရန်)ပျက်ကွက်ခွင့် ပြုလိုက်ပြီးတဲ့နောက်မှာ ခရီးသွားကုမ္ပဏီကလည်း အခုလို လိုက်လုပ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါသတင်းနဲ့ပက်သက်ပြီး ပေါက်ပေါက်ရှာရှာ တွေးတတ်တဲ့ သူတစ်ယောက်ကတော့ “အမျိုးသမီးကတော့ ခွင့်ရလို့ ချိန်းပါပြီတဲ့ လူပျိုအမျိုးသားက ခွင့်မရတော့ ဘယ်လိုလုပ်ကြမလဲ..?” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါလည်း တစ်ကယ်ကို စဉ်းစားသင့်တဲ့ မေးခွန်းဖြစ်ပါတယ်။
(ပိုပိုလေးသတင်း)