BEC-TERO TV

အညှာလွယ်တဲ့ တက္ကသိုလ်ကျောင်းသူများစာရင်းဖော်ပြမိလို့ ဂျပန်မဂ္ဂဇင်း ပြန်လည်တောင်းပန်

09 Jan 2019     1,737 Views


ပါတီပွဲများတွင် တက္ကသိုလ်ကျောင်းသူများနဲ့ တွေ့ဆုံပါက မည်သို့မည်ပုံချဉ်းကပ်ရမည်ကို ဖော်ပြထားပြီး၊ အညှာအလွယ်ဆုံး ကျောင်းသူများရဲ့ တက္ကသိုလ်ကျောင်းတွေကို အစဉ်လိုက်ဖော်ပြထားခဲ့သည့်အတွက် ဂျပန်နိုင်ငံ မဂ္ဂဇင်း(လူပြိန်းကြိုက်)တစ်စောင်က ပြန်လည်တောင်းပန်ခဲ့ရသည်။

ဘယ်တက္ကသိုလ်ကျောင်းက ကျောင်းတွေဟာ အရက်သောက်ပြီးတာနဲ့ လိင်ပျော်ပါးရန် အလွယ်တစ်ကူ လက်ခံတက်ကြောင်းကို တက္ကသိုလ်စာရင်းများနဲ့တစ်ကွဖော်ပြခဲ့သည့်အတွက် လူမှုကွန်ယက်ပေါ်တွင် ဝေဖန်မှုများ၊ ရှုံ့ချမှုများ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။


ဒီဇင်ဘာ ၂၅ ရက်နေ့က ထုတ်ဝခဲ့သော အဆိုပါအပတ်စဉ်မဂ္ဂဇင်းကို ပြန်လည်တောင်းပန်ရန်နှင့် ဆက်လက်ရောင်းချခြင်းမပြုရန် “ကာဇူနာယာမာမိုတို” ဆိုသူ အမျိုးသမီးတစ်ဦးက စတင်ကာ အွန်လိုင်းပေါ်တွင် ကမ်ပိန်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရေးသားဖော်ပြခဲ့သော အကြောင်းအရာတွင် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာနဲ့ ပက်သက်လို့ တမင်ရည်ရွယ်ရေးသားခဲ့ပြီး အမျိုးသမီးများအပေါ် မလေးစားရာရောက်ကြောင်း စွပ်စွဲထားခဲ့သည်။ အဆိုပါကမ်းပိန်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့ကထိ ထောက်ခံသူ ၂၈,၀၀၀ ကျော်ရှိလာပြီဖြစ်သည်။


သတင်းအကြောင်းအရာဟာ ပါတီပွဲများကို တက်ရောက်ရန် ဖိတ်ကြားသည့် မိုဘိုင်းအပလီကေးရှင်း ရေးသားသူနှင့် အင်တာဗျူးမှ သိရသော အချက်လက်များကို ဖော်ပြခြင်းဖြစ်ကြောင်း မဂ္ဂဇင်းဘက်က ပြောဆိုခဲ့သည်။ ဂျပန်နိုင်ငံတွင် ပါတီပွဲများ ရေပန်းစားလျှက်ရှိပြီး မိန်းကလေးများကိုလည်း ငွေကြေးပေးကာ ပါတီပွဲတက်ရောက်ရန် ဖိတ်ကြားလေ့ရှိပါတယ်။ ထိုအထဲတွင် တက္ကသိုလ်ကျောင်းသူများလည်း ပါဝင်တာကြောင့် အရက်မူးလာတဲ့အခါ လိင်ပိုင်းဆိုင်ရာရယူဖို့ အညှာလွယ်တဲ့ မိန်းကလေးများကို တက္ကသိုလ်ကျောင်းအလိုက် ဖော်ပြမိခဲ့ကြောင်း ပြန်လည်တောင်းပန်ခဲ့သည်။


09 Jan 2019     1,737 Views




RELATED

Most Popular of Special or Others

Most Popular of NEWS