BEC-TERO TV

ကိုယ့်ကိုကိုယ် Sexy model တစ်ဦးအဖြစ်ခံယူထားတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

07 Jan 2019     1,885 Views


ရုပ်ရှင်သရုပ်ဆောင် မင်းသမီးသင်ဇာဝင့်ကျော်ကတော့ လှပတင်းရင်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကိုပိုင်ဆိုင်ထားပြီး ပုရိဿတွေရဲ့ အခိုင်အမာဝန်းရံအားပေးမှုကိုရရှိထားရုံသာမက မိန်းကလေးများကပါ သူမရဲ့လှပတဲ့ဘော်ဒီကိုအားကြနေရတာပဲဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းကနေ Sexy Model တစ်ဦးအဖြစ်ပါ အနုပညာလောကထဲမှာ လျှောက်လှမ်းနေတဲ့ သင်ဇာကတော့ သူမရဲ့ဟော့ဟော့ရမ်းရမ်း Sexy ကျလွန်းတဲ့ ဖက်ရှင်တွေကြောင့် လူအများရဲ့ဝေဖန်ပြစ်တင်ပြောဆိုမှုတွေကို အကြီးမားဆုံးခံနေရသူဖြစ်ပါတယ်။


ပွဲတစ်ခါတတ်တိုင်း ပရိသတ်တွေပါးစပ်အဟောင်းသားဖြစ်အောင် ဖက်ရှင်ဒီဇိုင်းအမျိုးမျိုးနဲ့ ဆွဲဆောင်နိုင်လွန်းတဲ့သင်ဇာကတော့ သူမကိုသူမ Sexy Model တစ်ဦးအဖြစ် ခံယူထားပြီး အသက်အရွယ်ရတုန်းလေး ဒီလိုမျိုးတွေဝတ်စားရတာဖြစ်ကြောင်းနဲ့ သူမရဲ့ခံယူချက်တွေကို မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ယခုလိုပဲပြောကြားသွားပါတယ်။


“Sexy ပုံစံကဖြစ်သင့်တဲ့နေရာလေးတွေ ၀တ်သင့်တဲ့နေရာလေးတွေတော့ ၀တ်ဦးမှာပါ။ ကိုယ်ကငယ်တုန်းလေး ၀တ်ရတာလေ၊ အလုပ်နဲ့လည်း ဆက်စပ်နေတော့ မ၀တ်တော့ဘူးလဲ မဟုတ်ပါဘူး။ ၀တ်သင့်တဲ နေရာကိုတော့ ၀တ်ဦးမှာပါ။ ဆိုင်ဖွင့်ပွဲနဲ့ တီဗီကြောငြာတွေက ကိုယ့်အတွက် တောင်းဆိုမှုတွေများတော့ အဓိကထားပြီးလုပ်ဖြစ်နေတယ်။ ကားရိုက်တာကတော့ နောက်လမှရိုက်ဖြစ်မယ်။” Sexy ပုံစံတွေဝတ်ကာ ပွဲတွေတက်ဖြစ်ဦးမယ့်အကြောင်းကို ပြောသွားခဲ့ပါတယ်။


သူမရဲ့အဟော့ဆုံးဖက်ရှင်တွေနဲ့ ပတ်သက်ပြီး “တစ်သက်လုံးဒီလိုပုံစံမျိုးတွေလုပ်လာခဲ့တာ ဆယ်စုနှစ်တစ်စုရှိနေပြီဆိုတော့ ကိုယ့်ဘာသာပြောင်းလဲပြီး ကွဲထွက်ချင်တာကြောင့် ဒီလိုမျိုးတွေဝတ်ဖြစ်တာပါ။ ကိုယ့်ကိုကိုယ် Confidience ကအမြဲရှိတယ်။ သူတို့က ပေါက်ချင်လို့ကိုယ့်ကို ဒီပွဲကိုဌားတာ၊ ကိုယ်ဝတ်လိုက်ရင်လဲ ပေါက်သွားမယ်ဆိုတာ ယုံကြည်တယ်။ ဘာပဲဖြစ်ဖြစ် သူတို့လဲပိုက်ဆံကုန်ရကျိုးနပ်အောင်၊ သူတို့လဲအကျိုးရှိအောင် ကိုယ်လဲအကျိုးရှိအောင် ဒီလိုမျိုးတွေဝတ်ဖို့ လက်ခံရတာပါ” ဆိုကာ Sexy ကျအောင် ၀တ်စားရပုံနဲ့ပတ်သက်ပြီး ရှင်းလင်းသွားခဲ့ပါတယ်။


မြန်မာ့ယဉ်ကျေးမှုနဲ့သွေဖယ်နေတဲ့ သူမရဲ့ဖက်ရှင်တွေကြောင့် အပြင်းအထန်ဝေဖန်နေကြတဲ့အပေါ်ကို “သင်ဇာထက်ဆိုးရွားပြီး တစ်ကိုယ်လုံးချွတ်ပြီးရိုက်ထားတဲ့သူတွေလဲ အများကြီးပါ။ ပြောချင်တယ်ဆိုရင် သူတို့ကိုအရင်ဆုံးသွားပြောသင့်တယ်၊ ဘာလို့သင်ဇာကိုမှ လာပြောနေကြတာလဲ။ ဘယ်သူ့ကိုမှ ပုတ်ခတ်ပြီးမပြောချင်ဘူး။ ဒါကကိုယ်ပိုက်ဆံရနေတဲ့အလုပ်လေ။ တစ်ချို့ဆိုပိုက်ဆံမရပဲနဲ့တောင် ရိုက်နေကြတဲ့သူတွေရှိတော့ ပြောချင်တယ်ဆို အဲ့လိုလူတွေကို အရင်သွားပြောပေါ့” ဆိုကာ သူမကိုပဲပြစ်တင်ပြောဆို မနေကြဖို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။


Sexy model လုပ်ရတဲ့ သူမရဲ့ခံယူချက်နဲ့ပတ်သက်ပြီး “အခုက ၂၁ ရာစုထဲရာက်နေပြီ၊ အစထဲက ကိုယ့်ကိုကိုယ်လည်း Sexy model လို့ခံယူထားတယ်။ လာတဲ့အလုပ်တွေကလည်း ဒီလိုမျိုးအလုပ်တွေဖြစ်နေတော့ ကိုယ့်အသက်မွေးဝမ်းကျောင်းအတွက် ဒီလိုမျိုးအလုပ်တွေလုပ်ရမှာပဲလေ။ ကိုယ်ငတ်လို့ ကိုယ့်ကိုဘယ်သူမှထမင်းလာမကျွေးဘူး၊ ငတ်လို့လဲ ဘယ်သူမှအိမ်ခေါ်ထားပြီး ထမင်းကျွေးထားမှာမဟုတ်ဘူး။ အဲ့တာကြောင့် ကိုယ့်ဝမ်းရေးအတွက် ကိုယ့်ဘာသာရုန်းကန်လှုပ်ရှားရမှာပဲလေ။ ကိုယ့်လုပ်တဲ့အလုပ်က အဓိကသမာအာဇီဝကျဖို့လိုတယ် အဲ့အတွက် ဘယ်လိုပဲလုပ်ရလုပ်ရ လုပ်မှာပါ” ဆိုကာ သူမရဲ့ခံယူချက်သဘောထားတွေကို သေချာစွာပြောပြသွားပါတယ်။


Source_ 8 Days


07 Jan 2019     1,885 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment