BEC-TERO TV

ကမ္ဘာ့ပေါ်မှာ ကံအဆိုးဆုံး မင်္ဂလာသတို့သား

03 Jan 2019     1,398 Views


သင်ဟာ FA တစ်ယောက်ဖြစ်နေလို့ ကံဆိုးလှပြီလို မထင်လိုက်ပါနဲ့။ တစ်ခါတစ်လေ ဒီလို FA ဖြစ်နေတာက မင်္ဂလာဆောင်မယ့်နေ့မှာ ကံဆိုးမိုးမှောင်ကျပြီး တရားစွဲခံခဲ့ရတဲ့ သတို့သားထက်စာရင် သင်အများကြီး ကံကောင်းနေသေးတယ်လို့ စိတ်ဖြေနိုင်ပါပြီ။

တရုပ်နိုင်ငံ အလယ်ပိုင်းက သတို့သားတစ်ယောက်ဟာ သူမင်္ဂလာဆောင်မယ့်နေ့မှာပဲ ရှေးရိုးတရုက်တို့ရဲ့ ထုံးတမ်းအစဉ်အလာအတိုင်း သူငယ်ချင်းတွေက အပြောင်အပျက်သဘောနဲ့ နှိပ်စက်ကျီစယ်တာကို ခံခဲ့ရပြီးနောက် ပြဿနာတွေ သူ့ဆီကို ဆက်တိုက် ရောက်လာခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် သတို့သားလောင်း “Ai Guangtao” ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက သူမင်္ဂလာဆောင်မယ့်နေ့မှာ  တရုပ်ရှေးရိုးရာဓလေ့အတိုင်း သူငယ်ချင်းတွေက သူ့ကို ကြက်ဥတွေနဲ့ ဝိုင်းပေါက်၊ ဘီယာတွေ မှင်ရည်တွေနဲ့ တစ်ကိုယ်လုံးကို လောင်းချခဲ့ပြီး လမ်းမီးဓါတ်တိုင်မှာ တိတ်တွေနဲ့ ပတ်ချည်ခဲ့ပြီးနောက် ဝါးလုံးနဲ့ ဝိုင်းရိုက်ခဲ့ကြပါတယ်။


သူဟာ နာကျင်လွန်းတာကြောင့် ဒေါသထွက်ပြီး သူငယ်ချင်းတွေ လက်ကလွတ်အောင် ကားလမ်းမပေါ် ထွက်ပြေးခဲ့ပါတယ်။ တစ်ကိုယ်လုံးမှာ မှင်တွေ ကြက်ဥနှစ်တွေကြောင့် မြင်းကွင်း မသဲမကွဲဖြစ်နေသလို သူ့နောက်ကလည်း သူငယ်ချင်းတွေက လိုက်ဖမ်းနေတာကြောင့် ပြေးမိပြေးရာ ပြေးရာကနေ လမ်းမပေါ်မှာ မောင်းလာတဲ့ ကားတစ်စီးနဲ့ တိုက်ခံခဲ့ရပါတယ်။

သူဟာ မင်္ဂလာခန်းမမှာ ဝင့်ဝင့်ကြွားကြွားရှိနေရမယ့်အစား တစ်ကိုယ်လုံးမှာ အရိုးကျိုး ဒဏ်ရာတွေရပြီး ဆေးရုံပေါ်မှာ ၂ ပတ်လောက် ဆေးကုသမှု ခံခဲ့ရပါတယ်။ ယာဉ်တိုက်မှုကို ရဲက စစ်ဆေးပြီးနောက် ယာဉ်တိုက်မှုဖြစ်ရတဲ့ အဓိကအချက်ဟာ သူကားလမ်းပေါ် လျှောက်ပြေးနေတာကြောင့်လို့ ရဲက ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် အာမခံကုမ္ပဏီက မော်တော်ယာဉ် ထိခိုက်ပျက်ဆီးမှုအတွက် သူကို တရုပ်ယွမ်ငွေ ၃၀,၀၀၀ ပေးလျှော်ရန် တောင်းဆိုထားပါတယ်။


“Ai Guangtao” ဟာ မင်္ဂလာဆောင်မယ့်နေ့မှာ ရိုက်နှက်လည်းခံရသေး၊ ကားတိုက်ခံရလို့ အရိုးတွေကျိုးပြီး ဆေးရုံတက်ခဲ့ရတာကြောင့် မင်္ဂလာပွဲပါ ပျက်ခဲ့တဲ့အပြင် အာမခံကုမ္ပဏီက သူဆီကနေ လျော်ကြေးပါ ပြန်တောင်းနေတဲ့အတွက် ရှေ့နေငှားရမ်းကာ သူ့ကို နောက်ပြောင်ကျီစယ်ခဲ့တဲ့ သူငယ်ချင်းတွေအားလုံးကို တရားစွဲဖို့ ပြင်ဆင်ခဲ့ပါတယ်။

ရုံးတော်မှာ တရားမစွဲရသေးခင် “Ai Guangtao” ရဲ့ ဆေးကုသမှုစရိတ် ယွမ် ၆,၀၀၀ ကျော်ကို သူ့ရဲ့အပေါင်းအသင်းတွေက ပေးဆောင်ရမှာဖြစ်ပါတယ်။ ကံကောင်းတာ တစ်ခုကတော့ မင်္ဂလာဧည့်ခံပွဲပျက်သွားခဲ့ပေမယ့် အဲဒီမတိုင်မီထဲက တရားရုံးမှာ တရားဝင်လက်ထပ်ထားတာကြောင့် လင်မယားအရာ မြောက်ခဲ့ပြီးဖြစ်ပါတယ် ဒါပေမယ့် မင်္ဂလာဧည့်ခံပွဲကိုတော့ နောက်တစ်ခါ ထပ်လုပ်တော့မည် မဟုတ်ကြောင်း သိရှိရသည်။


03 Jan 2019     1,398 Views




RELATED

Most Popular of Special or Others

Most Popular of NEWS