အအေးမိလည်ချောင်းနာခံစားရနေတဲ့သူတွေအတွက်အကောင်းဆုံးဆေးနည်းလမ်း
12 Aug 2015 1,457 Views
ဆောင်းရာသီမျာအဖြစ်များတဲ့အအေးမိလည်ချောင်းနာတွေအတွက်လက်ရှိမိမိသောက်နေကျအကိုက်အခဲပျောက်ဆေးတွေထက်ပိုကောင်းတဲ့ နောက်ဆေးတစ်မျိုးရှိပါတယ်။ အဲ့ဆေးကတော့ ASPIPIN ဖြစ်ပါတယ်။ အဲ့ဆေးကတော့ အကောင်းဆုံးနဲ့ အလျင်မြန်ဆုံး သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ASPIPIN ဆေးပြား(၂)ပြားကိုဖျော်ပြီးတော့လည်ချောင်းနာခြင်းခံစားနေရတဲ့သူကို ပလုတ်ကျင်းခိုင်းတာ လည်ချောင်းထဲမှာငုံခိုင်းတာတွေကိုလုပ်ခိုင်းတဲ့အခါမှာ လည်ချောင်းနာဝေဒနာကို ၂နာရီ အတွင်းမှာ လျော့ပါးသက်သာသွားတာကိုတွေ့ရှိခဲ့ကြပါတယ်။
နောက်ထပ် လည်ချောင်းနာဝေဒနာထပ်မခံစားရအောင်လည်း ၆နာရီကြာထိန်းထားပေးနိုင်ပါတယ်။MENTHOL ပါဝင်တဲ့ရှူဆေးတွေကို ရှူပေးမယ်ဆိုရင် လည်ချောင်းနာခြင်းတွက်ကို အသုံးဝင်တဲ့ ဆေးတစ်မျိုးပဲဖြစ်ပါတယ်။ ထိုရှူဆေးက နှာခေါင်းတွင်းမှာအေးမြတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေတယ်။ အေးမြတဲ့ ခံစားချက်ကနေ တစ်ဆင့် နှာခေါင်းပိတ်ဝေဒနာကို သက်သာစေတယ် ပြီးတော့လည်ချောင်းနာခြင်းနဲ့အတူချောင်းဆိုးခြင်းကိုသက်သာစေပါတယ်။
ပျားရည်မှာ ဆိုရင်သဘာဝအလျောက်ပါဝင်တဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဓာတ်ရှိတယ်။ အဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဓာတ်ကဆိုရင် ဘတ်တီးရီးယားပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ အဲ့တွက်ကြောင့် ကလေးငယ်တွေကို အိပ်ရာမ၀င်ခင် အနည်းငယ်တိုက်ကျွေးမယ်ဆိုရင် ညဥ့်နက်သန်းခေါင် ချောင်းဆိုးတက်တဲ့ကလေးငယ်လေးတွက် ညဥ့်နက်သန်းခေါင် ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။