လူတစ်ယောက်ရဲ့ဘဝမှာအရေးကြီးဆုံး အချက်(၄)ချက်
28 Dec 2018 1,984 Views
၁။ မိမိစိတ်နေသဘောထား
၂။ မိသားစု
လူတစ်ယောက်ရဲ့ ဘဝမှာကိုယ်ကိုယ်တိုင်က အရေးကြီးဆုံး ပြီးရင်တော့ မိသားစုကအရေးကြီးဆုံးလို့ပြောပါရစေ။ ငွေဆိုတာ ဒုတိယဘုရားသခင်မို့ လူတော်တော်များများဟာ ငွေကိုရှာ၊ အလုပ်တွေပဲနင်းကန်လုပ်ရင်း မိသားစုကို အချိန်ပေးဖို့မေ့လျော့နေကြပါတယ်။
အလုပ်လုပ်ပြီး ပင်ပန်းလာတဲ့အခါမှာလဲမိသားစု ကိုနွေးထွေးစွာပြောဆိုဆက်ဆံပါ။ သူမတူတဲ့စိတ်ချမ်းသာမှုကို ရရှိလာမှာဖြစ်ပြီးနောက်တစ်နေ့ အလုပ်သွားတဲ့အခါမှာလဲ စိတ်လက်ကြည်ကြည်သာသာနဲ့ သွားလို့ရနိုင်မှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ အလုပ်ကလဲ ပင်ပန်းလာ မိသားစုနဲ့နွေးထွေးတဲ့ဆက်ဆံမှုမျိုးလဲမရှိဘူးဆိုရင် မကြာခင်မှာစိတ်ကျရောဂါတွေတောင်ရရှိနိုင်ပါတယ်။
၃။ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်း
လူတစ်ယောက်မှ သူငယ်ချင်း၊မိတ်ဆွေအပေါင်းအသင်းဆိုတာ အင်မတန်မှအရေးကြီး ပါတယ်။ လူတွေဟာ ကိုယ်ပေါင်းတဲ့သူငယ်ချင်းတွေဆီက အမူအကျင့်တစ်ချို့ကူးစက်တတ်ကြပါတယ်။ အရက်သောက်တဲ့သူငယ်ချင်းနဲ့ အရက်သောက်တတ်လာတယ်။ ဆေးလိပ်သောက်တတ်တဲ့သူငယ်ချင်းနဲ့ပေါင်းရင် ဆေးလိပ်သောက်တတ်လာတယ်။ ရုပ်ပိုင်းဆိုင်ရာ အမူအကျင့်တွေသာမက စိတ်ပိုင်းဆိုင်ရာအတွေးအခေါ်တွေကလဲကူးစက်တတ်ပါတယ်။
ဥပမာ သင်က အရင်က အတွေးလွန်တတ်သူတစ်ယောက်မဟုတ်ဘူး။ ဒါပေမဲ့ အတွေးလွန်ပြီး ဇီဇာကြောင်တဲ့သူငယ်ချင်းနဲ့ အပေါင်းအသင်းလုပ်တဲ့အခါ သင်ကိုယ်တိုင်သတိမထားမိပဲ အတွေးတွေလွန်တတ်လာတယ်။ ဒါကို နီးစပ်ရာပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးလာမှုလို့ခေါ်ပါတယ်။ ဒါကြောင့်လူတစ်ယောက်ရဲ့ ဘဝမှာ မိတ်ဆွေအပေါင်းအသင်းကအရေးကြီးတဲ့ ကဏ္ဍကနေ ပတ်သတ်ပါဝင်နေပါတယ်။
၄။ အလုပ်အကိုင်
အလုပ်အကိုင် ရွေးချယ်တဲ့နေရာမှာတော့ ဝါသနာနဲ့ကိုက်ညီတဲ့အလုပ်ကို ရွေးချယ်တာအကောင်းဆုံးပါပဲ။ လူတစ်ယောက်ဟာ ကိုယ်ဝါသနာပါရာ အလုပ်ကို လုပ်နေရရင် စိတ်ချမ်းသာကြပါတယ်။ ကိုယ်ဝါသနာမပါတဲ့ အလုပ်ကို လုပ်နေရတဲ့ လူတစ်ယောက်ဟာ ဘာမဆိုဝတ်ကျေတမ်းကျေပဲလုပ်တတ်တဲ့အကျင့်တစ်ခုကို ရရှိလာပါလိမ့်မယ်။
ဝါသနာမပါတဲ့အလုပ်ကိုရွေးချယ်မိခြင်းဟာ မိမိကိုယ်တိုင်ချောက်ထဲ တွန်းချနေသလိုပါပဲ။ သင့်ကိုယ်တွင်းမှာရှိတဲ့အဆိုးမြင်စိတ်ကိုမွေးဖွားထားတာနဲ့တူပါတယ်။ ဒါကြောင့် ကိုယ်ဝါသနာပါရာအလုပ်ကိုပဲ အသက်မွေးဝမ်းကျောင်းပညာရပ်အနေနဲ့ ရွေးချယ်ပြီးလုပ်ကိုင်သင့်ပါတယ်။