BEC-TERO TV

Devilish Joy ဇာတ်လမ်းတွဲမှ မင်းသမီးနှစ်ယောက် ဇာတ်လမ်းတွဲပြီးဆုံးသည်အထိသရုပ်ဆောင်ကြေးမရခဲ့

28 Dec 2018     1,638 Views


တောင်ကိုးရီးယားနိုင်ငံ MBN ရုပ်သံလိုင်းကထုတ်လွှင့်တဲ့ ဒရာမာဇာတ်လမ်းတွဲ Devilish Joy (ကိုယ့်ရဲ့ ပျော်ရွှင်ခြင်းလေး) ဇာတ်လမ်းတွဲက ခေါင်းဆောင်မင်းသမီး နှစ်ဦးဖြစ်တဲ့ မင်းသမီး Song Ha Yoon နဲ့ Jooyeon တို့ဟာဇာတ်လမ်းတွဲ ထုတ်လွှင့်ပြီးဆုံးသည်အထိ သူတို့ရဲ့ အနုပညာကြေးများကိုမရရှိခဲ့ကြပါဘူး။



ဒီဇာတ်လမ်းတွဲကို ရိုက်ကူးတဲ့ ရိုက်ကူးရေးကုမ္ပဏီက Devilish Joy မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေကို အနုပညာကြေးတွေပေးဖို့ အားလျော့ခဲ့တယ်လို့ ရိုက်ကူးရေးမှ အတွင်းသိလူတစ်ဦးက ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ခေါင်းဆောင် မင်းသား Choi Jin Hyuk နဲ့ အရံသရုပ်ဆောင် Jang In Seob တို့က သရုပ်ဆောင်ကြေးအပြည့်အဝရရှိခဲ့ပေမယ့် ခေါင်းဆောင်မင်းသမီးနှစ်ယောက်ကတော့ ယနေ့အချိန်ထိ တစ်ပြားမှမရရှိသေးပါဘူး။


Devilish Joy ရိုက်ကူးနေစဉ်အတောအတွင်း ရိုက်ကူးရေးဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ထောက်ပံ့ကြေးငွေပေးချေလိုက်ရတဲ့အတွက် ဒီလိုကိစ္စတွေဖြစ်ပွားခဲ့ရတယ်လို့ ကုမ္ပဏီဘက်မှပြန်လည်ဖြေရှင်းခဲ့ပါတယ်။ ထောက်ပံ့ကြေးငွေစုစုပေါင်း ကိုးရီးယားဝမ် ၁၀ သန်း(အမေရိကန်ဒေါ်လာ ၉ ထောင်) ကုန်ကျခဲ့တာဖြစ်ပါတယ်။


လက်တလောအချိန်မှာတော့ ဒီသတင်းဟာဂယက်ရိုက်နေပြီး ရိုက်ကူးရေးကုမ္ပဏီဘက်ကလဲ လစာမရရှိသေးတဲ့ ဝန်ထမ်းတွေနဲ့ သရုပ်ဆောင်တွေကို မကြာခင် ငွေပမာဏအလုံအလောက်ပေးချေသွားနိုင်ဖို့ကြိုးစားသွားပါ့မယ် လို့ ကတိပေးခဲ့ပါတယ်။



28 Dec 2018     1,638 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS