BEC-TERO TV

ဇနီးကို စိတ်ဆိုးပြီး ၄ နှစ်သားကလေးကို လက်ထိပ်ခတ် ဇောက်ထိုးဆွဲ ထိုးကြိတ်နှိပ်စက်(ရုပ်သံ)

28 Dec 2018     1,928 Views


ဖိလစ်ပိုင်နိုင်ငံက အမျိုးသားတစ်ဦးဟာ အသက် ၄ နှစ်အရွယ် သားဖြစ်သူကို နေအိမ်ပြတင်းပေါက် သံပန်းမှာ လက်ထိပ်ဖြင့် ခြေထောက်ခတ်ကာ ဇောက်ထိုးချိပ်ဆွဲထားပြီး အကြိမ်ကြိမ် ထိုးကြိတ် ပါးရိုက်ခဲ့ပါတယ်။ ဖြစ်စဉ်တစ်ခုလုံးကို ဗီဒီယိုရိုက်ထားပြီးနောက် သူ့ရဲ့ ဇနီး (ကလေးရဲ့မိခင်)ထံ ပေးပို့ပြီး အိမ်ပြန်လာဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။

အဆိုပါရုပ်သံကို ကြည့်ရှုသူ ၁.၈ သန်းကျော်၊ ပြန်လည်ဝေမျှသူ ၂ သိန်းကျော်နဲ့ လူမှုကွန်ယက်မှာ အကြီးအကျယ်ပျံ့နှံ့သွားခဲ့ပါတယ်။

ရုပ်သံမှာ ဖခင်ဖြစ်သူက ဇောက်ထိုးဆွဲထားတဲ့ ကလေးကို လက်သီးနဲ့ထိုး နေရာအနှံ့ရိုက်နှက်ပြီး “မင်းပျော်ရဲ့လား..?” လို့ မိန်းမဖြစ်သူ ရည်ညွှန်းမေးမြန်းပြီး ကလေးကို နှိပ်စက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် အဆိုပါရုပ်သံကို မိန်းမဖြစ်သူထံ ခြိမ်းခြောက်တဲ့အနေနဲ့ ပေးပို့ခဲ့ပါတယ်။ ဗီဒီယိုကို ရရှိခဲ့ပြီးနောက် မိခင်ဖြစ်သူက သူတို့သားအဖနေထိုင်တဲ့ ပြည်နယ်က သက်ဆိုင်ရာကို ပေးပို့ပြီး သူ့သားလေးကို ကယ်တင်ဖို့ အကူညီတောင်း တိုင်ကြားခဲ့ပါတယ်။


ပြီးခဲ့တဲ့ ကြာသပတေးနေ့ နံနက် ၁၁ နာရီခွဲအချိန်မှာ အသက် ၃၁ နှစ်အရွယ် ဖခင်ဖြစ်သူကို Sta. Rosa ရဲစခန်းက ဖမ်းဆီးခဲ့ပါတယ်။ မှုယစ်ဆေးသုံးစွဲမှုရှိမရှိ ဆေးစစ်သွားမှာဖြစ်ပြီး ကလေးသူငယ်ညှင်းပမ်းနှိပ်စက်တဲ့ ဥပဒေနဲ့ တရားစွဲခံထားရပါတယ်။

စစ်ဆေးရေးအရာရှိဖြစ်သူ Orate ရဲ့ ပြောကြားချက်အရ ရုပ်သံမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရိုက်ကူးခဲ့ပြီးနောက် ဇနီးသည်ရဲ့ ဖေ့စ်ဘွခ်အကောင့်ကနေတစ်ဆင့် ပို့ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်နေ့က လင်မယားနှစ်ယောက် ကတောက်ကဆဖြစ်ခဲ့ပြီး မိန်းမဖြစ်သူ အိမ်ပေါ်က ဆင်းသွားတဲ့အတွက် ဒေါသဖြစ်ပြီး လုပ်ခဲ့တာဖြစ်ကြောင်း ပြောဆိုပါတယ်။

ကလေးငယ်ရဲ့ ဒဏ်ရာတွေကိုတော့ ဆေးစစ်မှုတွေပြုလုပ်ပြီး ကုသပေးလျှက်ရှိပြီး မိခင်ဖြစ်သူကိုလည်း ပြန်လာဖို့ အကြောင်းကြားထာကြောင်း သိရှိရသည်။


28 Dec 2018     1,928 Views




RELATED

Most Popular of Special or Others

Most Popular of NEWS