နှစ်တွေသာပြောင်းပေမယ့် မပြောင်းလဲတဲ့အကျင့်တစ်ခုကို ထုတ်ပြောလာတဲ့ ဖွေးဖွေး
28 Dec 2018 1,861 Views
ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ဖွေးဖွေးကတော့ တစ်နိုင်ငံလုံးရဲ့ တစ်ခဲနက်ချစ်ခင်အားပေးမှုတွေကို ရရှိထားသူဖြစ်ပါတယ်။ ဇာတ်ရုပ်တိုင်းကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်မှုကြောင့် သူမရဲ့ဇာတ်ကားတိုင်းလိုလိုကလဲ ၀က်ဝက်ကွဲအောင်မြင်တဲ့ရုပ်ရှင်တွေဖြစ်ခဲ့ပါတယ်။ အကယ်ဒမီဆုတွေကိုလည်း ထိုက်တန်စွာရရှိထားသလို လက်ရှိမြန်မာ့အနုပညာလောကမှာ အောင်မြင်ကျော်ကြားဆုံး ထိပ်တန်းမင်းသမီးစာရင်းဝင်သူတစ်ယောက်ဖြစ်ပါတယ်။
ဖွေးဖွေးကတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်လာသူဖြစ်ပြီး ဒီလောကထဲကို စ၀င်လာကတည်းက ပရိသတ်ရဲ့ချစ်ခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်။ သရုပ်ဆောင်သက်တမ်းတစ်လျှောက် အကောင်းဆုံးကြိုးစားမှုရလာဒ်တွေကို ရရှိခဲ့တဲ့ ဖွေးစိန်လေးကတော့ နှစ်တွေသာပြောင်းလာပေမယ့် မပြောင်းလဲသေးတဲ့ သူမရဲ့အကျင့်လေးတစ်ခုကို ပရိသတ်တွေသိအောင် ထုတ်ဖော်ပြောပြလာပါတယ်။
အနုပညာနဲ့ပတ်သက်ရင် အတွေ့အကြုံတွေများစွာရရှိပြီးဖြစ်သလို နှစ်တွေလည်းကြာလာပြီဖြစ်ပေမယ့် သူမရဲ့ရုပ်ရှင်ကားအသစ်တင်တိုင်း ညဘက်တွေအိပ်မရတဲ့ အကျင့်ကတော့ ယခုထိမပျောက်သေးဘူးဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်ကနေ ရင့်ဖွင့်ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။
“နှစ်တွေ အတွေ့အကြုံတွေ ဘယ်လောက်များများ ဖွေးကားအသစ် ရုံတင်တော့မယ် ဆို အမြဲ အိပ်မပျော်တတ် တာ ဒီ သရုပ်ဆောင်အလုပ်စလုပ်တဲ့ ဖွေးအသက် ၁၉ နှစ်ထဲကပဲမို့... အကောင်းဆုံးကြိုးစားထားခဲ့တာ သေချာနေပေမယ့်လဲ ရင်တုန်ဆဲပဲမို့ ... ဖွေးတို့ကိုချစ်တဲ့ ပရိတ်သတ်တွေ နဲ့ မနက်ဖြန်ခါ ထပ်တွေ့ရတော့မှာမို့....” ဆိုကာ သတို့သမီးရုပ်ရှင်ကြောင့် ရင်တွေခုန်နေရကြောင်းကိုပါ ပြောပြထားပါတယ်။ “သတို့သမီး” ရုပ်ရှင်ဇာတ်ကားလေးက ဒီနေ့ရုံစတင်ပြီမို့ ပရိသတ်ကြီးက သွားရောက်အားပေးလိုက်ကြပါဦးနော်…