ကလေးငယ်လေးတွေကို အိပ်မက်ထဲမှာမြင်တွေ့ရရင်ဘာဖြစ်တတ်သလဲ?
27 Dec 2018 10,766 Views
၁။ ကိုယ်တိုင်ကလေးမွေးရတယ်လို့ အိပ်မက်မြင်မက်တဲ့အခါ
ကလေးလေးတစ်ယောက်ကိုကိုယ်တိုင်မွေးဖွားရတယ်လို့ အိပ်မက်မြင်မက်တဲ့အခါ တစ်ခါမှမတွေ့ကြုံဖူးသေးတဲ့အတွေ့အကြုံသစ်တွေကိုသင်ကိုယ်တိုင်ကြုံတွေ့ရမှာဖြစ်ပါတယ်။
၂။ ကလေး မိန်းကလေးကို အိပ်မက်မြင်မက်တဲ့အခါ
ကလေးကိုမှ ယောကျင်္ားလေးကိုအိပ်မက်မြင်မက်တယ်ဆိုရင် စွန့်ဦးတီထွင်တဲ့ လုပ်ငန်းတွေကို အင်တိုက်အားတိုက်လုပ်ဆောင်ရတော့မှာဖြစ်ပြီး အောင်မြင်မှုတစ်ခုရရှိ ဖို့သင့်မှာပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကို အလျင်မှီစွာ ချမှတ်နိုင်တော့မှာဖြစ်ပါတယ်။
၄။ အရမ်း ချစ်စရာကောင်းတဲ့ကလေးလေးကိုအိပ်မက်မြင်မက်တဲ့အခါ
အင်မတန်မှ ချစ်စရာကောင်းတဲ့ကလေးငယ်လေးကိုအိပ်မက်မြင်မက်တယ်ဆိုရင် သင်ကိုယ်တိုင် နှစ်ရှည်လများကြိုးစားခဲ့ရတဲ့စီမံကိန်းကြီး မကြာခင်အောင်မြင်တော့မှာဖြစ်ပါတယ်။
၅။ ရုပ်ဆိုးတဲ့ကလေးကို အိပ်မက်မြင်မက်တဲ့အခါ
ရုပ်ဆိုးတဲ့ ကလေးငယ်ကိုအိပ်မက်မြင်မက်တာဟာ သင်လုပ်နေတဲ့ ပရောဂျက်(သို့) တခြားအကြောင်းအရာကိစ္စ တစ်ခုခုမှာ စိတ်ကျေနပ်စရာ မကောင်းတဲ့ ရလဒ်တစ်ခုထွက်လာလိမ့်မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
၆။ ကလေးကို ချော့သိပ်ရတယ်လို့ အိပ်မက်မက်တဲ့အခါ
ကလေးလေးတစ်ယောက်ကို ချော့သိပ်နေရတယ်လို့ အိပ်မက်မြင်မက်တာဟာ သင့်မှာရှိတဲ့အစွမ်းအစတွေကိုမကြာခင် ထုတ်ဖော်ပြသခွင့်ရတော့မယ်လို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်။
၇။ ကလေးတစ်ယောက်ကောက်ရတယ် (သို့) ဖျားနာတဲ့ကလေးကိုအိပ်မက်မက်လျှင်
ငိုနေတဲ့ကလေးကို အိပ်မက်မြင်မက်တာဟာ မကြာခင်သင်ကိုယ်တိုင် ငိုစရာပြဿနာကိစ္စရပ်တွေနဲ့ ကြုံတော့ရတော့မှာဖြစ်ပါတယ်။
၉။ ပြုံးပျော်နေတဲ့ကလေးကို အိပ်မက်ထဲမြင်တွေ့ရတဲ့အခါ
ပြုံးပျော်နေတဲ့ကလေးကို အိပ်မက်ထဲမှာမြင်တွေ့ရတယ်ဆိုရင်မကြာခင် သင်ကိုယ်တိုင်ပျော်ရွှင်စရာကိစ္စရပ်တွေကိုတွေ့ကြုံရတော့မှာဖြစ်ပါတယ်။
၁၀။ သေနေတဲ့ကလေးကို မြင်မက်တဲ့အခါ
အိပ်မက်ထဲမှာသေနေတဲ့ကလေးကို မြင်တွေ့ရတယ်ဆိုရင် အခက်အခဲများစွာကြုံတွေ့ရမယ့် ပရောဂျက်တစ်ခု ဒါမှမဟုတ်၊ တခြားအလုပ်ကိစ္စတစ်ခုခု မကြာခင်သင့်ဆီရောက်ရှိလာတော့မှာဖြစ်ပါတယ်။
၁၁။ လမ်းလျှောက်တတ်ခါစ ကလေးငယ်ကိုအိပ်မက်မြင်မက်တယ်ဆိုရင်
လမ်းလျှောက်တတ်ခါစ ကလေးငယ်လေးကိုအိပ်မက်မြင်မက်တယ်ဆိုရင် လတ်တလော စတင်နေတဲ့သင့်လုပ်ငန်းတွေအဆင်ပြေချောမွေ့သွားမယ်လို့ အဓိပ္ပါယ်ရပါတယ်။
၁၂။ အိပ်မက်ထဲမှာမြစ်ထဲ၊ ချောင်းထဲမှာ စွန့်ပစ်ခံရတဲ့ကလေးကိုမြင်မက်လျှင်
ဒီလိုအိပ်မက်မျိုးမက်တယ်ဆိုရင် တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ သင်ကိုယ်တိုင် မသိတဲ့သင့်အရည်အချင်းတွေကို ရှာဖွေတွေ့ရှိတော့မှာဖြစ်ပါတယ်။ အကယ်၍ ပြောင်းပြန် သင်ကိုယ်တိုင်ကလေးငယ်ကို မြစ်ထဲမှာသွားစွန့်ပစ် တယ်လို့ အိပ်မက်မက်တယ်ဆိုရင်တော့ သင်ဟာ ကိုယ့်အားနည်းချက်ကိုတစ်ပါးသူသိမှာ အင်မတန်မှစိုးရိမ်သူတစ်ဦးဖြစ်ပါတယ်။