မိတ်ကပ်ထုတ်လုပ်တာနဲ့ပတ်သတ်ပြီး မကျေနပ်တဲ့ပရိတ်သတ်ကိုရီဟားနား တုန့်ပြန်
27 Dec 2018 1,384 Views
ဟောလိဝုဒ် ပေါ့ပ်စတားရီဟားနားဟာ ဒီနှစ်၂၀၁၈ အတွင်းမှာ သီချင်းအသစ်ထွက်ခြင်းမျိုးမရှိခဲ့ပါဘူး။ သူမတစ်ယောက် ကိုယ်ပိုင် makeup brand တည်ထောင်ပြီးကတည်းကအလုပ်တွေမအားတော့တာ သိသာလှပါတယ်။
၂၀၁၈ တစ်နှစ်လုံး Fenty Beauty လို့ခေါ်တဲ့သူမရဲ့ makeup brand ကို ပရိုမိုးရှင်းဆင်းရင်းနဲ့ပဲအလုပ်တွေရှုပ်နေခဲ့တာပါ။ နောက်ဆုံးထုတ်ခဲ့ဖူးတဲ့ ၉ ကြိမ်မြောက် အယ်လ်ဘမ်ကလဲ ၂၀၁၆ ခုနှစ်ကဖြစ်ပါတယ်။ ၂၀၁၇ ရော ၂၀၁၈ မှာပါ သူမဒီ မိတ်ကပ်အတွက်သာ အလုပ်တွေရှုပ်နေခဲ့တာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ရီဟားနားက သူမရဲ့ instagram ကနေ Fenty Beauty ကအသစ်ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတစ်ခုကိုမိတ်ဆက်တဲ့အနေနဲ့ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ အသစ်ထုတ်လိုက်တဲ့ ကုန်ပစ္စည်းက F’N BLACK ဖြစ်ပြီး အနက်ရောင်ရှိတဲ့ နှုတ်ခမ်းနီဖြစ်ပါတယ်။
F’N Black ထွက်ရှိပြီဆိုတဲ့အကြောင်းသူမ instagram မှာတင်လိုက်တဲ့အခါမှာတော့ သူမရဲ့ ပရိတ်သတ်တစ်ယောက်က ‘I need music, no makeup’ လို့ မန့်ထဲမှာရေးသားခဲ့ပါတယ်။ အသံပါဝါအားကောင်းကောင်းနဲ့သီဆိုတတ်တဲ့သူမရဲ့ သီချင်းဆိုသံတွေကိုပရိတ်သတ်တွေလဲလွမ်းနေပြီနဲ့တူပါတယ်။ သူမ အနုပညာဘက်ကို လှည့်မကြည့်ဖြစ်တာအချိန်အတော်ကြာသွားပါပြီ။ သူမကိုအခုလိုသတိပေးလိုက်တဲ့ ပရိတ်သတ်ကိုသူမက ‘It’s still 2018’ လို့ပြန်ဖြေခဲ့ပါတယ်။
ကြည့်ရတာ Queen Riri က ဘယ်နှစ်မှာဘာလုပ်မယ်ဆိုတဲ့ စီမံကိန်းတွေရှိခဲ့ပုံပါပဲ။ 2018 ပဲရှိသေးတယ်လို့ သူမပရိတ်သတ်ကိုပြန်ပြောခဲ့တာပါ။ သူမရဲ့ ပရိတ်သတ်ကလဲ ဘယ်အချိန်လောက် အယ်လ်ဘမ်အသစ်ထွက်မလ၊ အချိန်အတိအကျသိခွင့်ရှိမလား လို့မေးမြန်းလိုက်တဲ့အခါမှာတော့ သူမက ‘2019’ လို့ပြန်ဖြေခဲ့ပါတယ်။
တကယ်ကို Queen ဆိုတဲ့ဂုဏ်ပုဒ်ကိုရရှိထားတဲ့ လူတစ်ယောက်ဆိုတာပြောစရာမလိုအောင် စည်းစနစ်ကျလွန်းလှပါတယ်။ ဒီနှစ်ပိုင်းတွေမှာစီးပွားရေးနဲ့ လုံးပမ်းရင်းအချိန်ကုန်နေပေမယ့် သူမရဲ့ဂီတပရိတ်သတ်တွေကိုတော့ ရင်ထဲမှာရှိနေသေးတယ်ဆိုတာသိသာလှပါတယ်။ သူမတစ်ယောက် ဒီလို စီမံကိန်းတွေဆွဲထားတယ်ဆိုတာသိရတဲ့အတွက် ပရိတ်သတ်အတွက်လဲဝမ်းသာစရာသတင်းပါပဲ။
ပရိတ်သတ်ကြီးလဲ Riri ကိုလွမ်းနေတယ်ဆိုရင်၊ Riri ရဲ့ သီချင်းအသစ်တွေကို မျှော်လင့် စောင့်စားနေမိပြီမဟုတ်လား? Queen Riri ကိုချစ်တယ်ဆိုရင် Like&Share လုပ်ဖို့လဲမမေ့နဲ့ဦးနော်။