ပိုးဟပ်တွေကို အိပ်မက်မက်တဲ့အခါဘာဖြစ်တတ်သလဲ
26 Dec 2018 4,004 Views

၁။ ပိုးဟပ်အကြီးကြီးကို အိပ်မက်မက်တဲ့အခါ
ဒါကတော့ အိပ်မက်ထဲမှာပိုးဟပ်ဘယ်လောက်ကြီးလဲဆိုတဲ့ အရွယ်အစားအပေါ်မူတည်နေပါတယ်။ အိပ်မက်ထဲပေါ်လာတဲ့ ပိုးဟပ်ကကြီးလေ တကယ့်လက်တွေ့ဘဝမှာ သင့်ကြွယ်ဝချမ်းသာမှုပမာဏပိုများလေလေဖြစ်ပါလိမ့်မယ်။
အိပ်မက်ထဲမှာပိုးဟပ်တွေအများကြီးရောက်နေတယ်လို့မြင်မက်တာဟာ သင့်ခန္ဓာကိုယ်မှာ ပလိပ်ရောဂါနဲ့အဖျားရောဂါ စွဲကပ်လာတော့မယ်ဆိုတဲ့ သင်္ကေတပဲဖြစ်ပါတယ်။
ပျံသန်းနေတဲ့ ပိုးဟပ်တွေကိုမြင်မက်တာဟာ မကြာခင်မှာ သင်ကိုယ်တိုင်ပြုခဲ့တဲ့ အကျိုးရလဒ်အနေနဲ့ အောင်မြင်မှုအငွေ့အသက်တွေကိုခံစားရတော့မှာဖြစ်ပြီး ထိပ်ရောက်ခဲ့ရင်တောင်မပျော်ရွှင်ရဘူးဆိုတဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။
သေနေတဲ့ပိုးဟပ်တွေကို အိပ်မက်မြင်မက်တာဟာ သင်မကြာခင် သင့်အတွက်သင့်တင့် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်အသစ်၊ မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းအသစ်တွေရရှိတော့မှာဖြစ်ပါတယ်။