BEC-TERO TV

မွေးနေ့မှာ စိတ်မကောင်းစရာသတင်းတစ်ခုကို ပြောပြလိုက်တဲ့ ထွန်းထွန်း

24 Dec 2018     1,428 Views


အဆိုတော်သရုပ်ဆောင် ထွန်းထွန်းကိုတော့ အများကသိပြီးသားဖြစ်မှာပါနော်… တစ်ချိန်က ဟစ်ဟော့သီချင်းသံစဉ်တွေနဲ့ ပရိသတ်ရဲ့ရင်ထဲကိုနေရာယူခဲ့တဲ့ Examplez အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာ ဂီတပိုင်းထက် သရုပ်ဆောင်ပိုင်းကို ဇောက်ချလုပ်နေတဲ့ ပရိသတ်ရဲ့အချစ်တော်တစ်ယောက်ဖြစ်တဲ့ ထွန်းထွန်းကတော့ လူပျိုကြီးဘွဲ့ကိုရယူထားသူဖြစ်ပါတယ်။


ချစ်သူငယ်ငယ်ချောချောလေးကို ပိုင်ဆိုင်ထားတဲ့ ထွန်းထွန်းကတော့ သူ့ရဲ့ပျော်ရွှင်စရာကောင်းတဲ့အချစ်ရေးကို Social Media ဖြစ်တဲ့ အင်စတာဂရမ်ကနေ အမြဲမျှဝေလေ့ရှိသူဖြစ်ပါတယ်။ ချစ်သူလေးနဲ့အတူ လျှောက်စားလိုက်၊ လျှောက်သွားလိုက်လုပ်ရင်း ပျော်စရာကောင်းတဲ့နေ့ရက်တွေကိုဖန်တီးနေချိန်မှာပဲ ပရိသတ်တွေကြားထဲ စိတ်မကောင်းစရာသတင်းလေးတစ်ခုက ရောက်ရှိလို့လာပါတယ်။ ဒီနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ကတော့ ထွန်းထွန်းရဲ့မွေးနေ့ဖြစ်ပြီး မွေးနေ့ရက်မြတ်လေးမှာတော့ စိတ်မကောင်းစရာသတင်းလေးတစ်ခုကို ပြောပြလိုက်တာပဲဖြစ်ပါတယ်။ ထွန်းထွန်းတစ်ယောက် သူ့ရဲ့ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်းကို သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ တရားဝင်ပြောကြားလိုက်တာပါ။


ထွန်းထွန်းက “ကျွန်တော့် မွေးနေ့မှာ အခုလိုတွေပြောပြရတော့ စိတ်မကောင်းပါဘူးဗျာ။ ကျွန်တော်နဲ့ကျွန်တော့်ကောင်မလေး သဘောထားချင်းမတိုက်ဆိုင်တော့လမ်းခွဲလိုက်ကြပါပြီ။ အင်တာဗျူးဆရာ/ဆရာမများလည်း ကျွန်တော့်အချစ်ရေးကို ဘာမှ မမေးဖို့ တောင်းဆိုပါတယ်ဗျာ။” ဆိုပြီးရေးသားကာ ဘာကြောင့်ပြတ်သွားတယ်ဆိုတာကိုတော့ မမေးမြန်းကြဖို့ မေတ္တာရပ်ခံထားပါတယ်။


ထွန်းထွန်းရဲ့ ချစ်သူကလည်း “သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲလိုက်ပါပြီ… နစ်နာသူအားလုံးကို တောင်းပန်ပါတယ်” ဆိုပြီးရေးသားခဲ့ပါတယ်။ ခင်မင်ရင်းနှီးကြသူမိတ်ဆွေအပေါင်းအသင်းများနဲ့ သူတို့နှစ်ဦးကို ချစ်ကြတဲ့ပရိသတ်တွေက စိတ်မကောင်းဖြစ်လို့နေပါတယ်။




24 Dec 2018     1,428 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS