ရွှေမှုန်နဲ့အတူ အမိုက်စားရိုက်ထားတဲ့ Cover song ကို အမြည်းပြသလိုက်တဲ့ နေရွှေသွေးအောင်
24 Dec 2018 3,142 Views

ဖိုးလပြည့်လို့ ပရိသတ်တွေသိကြတဲ့ နေရွှေသွေးအောင်ကတော့ အနုပညာဂီတနဲ့ပတ်သက်ရင် ၀ါသနာအလွန်ထုံသူတစ်ယောက်ဖြစ်ပါတယ်။ ဂီတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေခြင်းမရှိပေမယ့် တစ်ချို့သောအင်္ဂလိပ်သီချင်းတွေကို cover song ပြန်ဆိုပြီး အမိုက်စားဗီဒီယိုပါရိုက်ကူးရင်း သူ့ရဲ့အနုပညာကို ပရိသတ်တွေကြားချပြလေ့ရှိသူပါ။ ကမ္ဘာကျော်အဆိုတော် Enrique Iglesias ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ နေရွှေသွေးအောင်ကတော့ Enrique ရဲ့သီချင်းတွေကို Cover song အဖြစ်အမိုက်စားဗီဒီယိုပါရိုက်ကူးရင်း ပြန်လည်သီဆိုလေ့ရှိသူဖြစ်ပါတယ်။

မကြာသေးခင်က Enrique ရဲ့ Tonight I’m loving You သီချင်းကို အမိုက်စားရိုက်ကူးချက်တွေနဲ့ ပြန်လည်သီဆိုခဲ့ပြီး သရုပ်ဆောင်သင်ဇာဝင့်ကျော်ပါဝင်သရုပ်ဆောင်ထားတဲ့ ထိုသီချင်းဗီဒီယိုကလည်း ပရိသတ်တွေကြားဝက်ဝက်ကွဲအောင်မြင်ခဲ့ပါတယ်။ ယခုတစ်ခါလည်း Enrique ရဲ့အကျော်ကြားဆုံးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Hero သီချင်းကို cover song ထပ်ဆိုထားတာဖြစ်ပါတယ်။
Hero သီချင်းကိုတော့ နိုင်ငံကျော်ရုပ်ရှင်မင်းသမီး ရွှေမှုန်ရတီနဲ့အတူ သရုပ်ဆောင်ထားပြီး ဘယ်လိုတွေ အမိုက်စားအကြမ်းစားရိုက်ကူးထားလဲဆိုတာကိုတော့ ပရိသတ်တွေကိုအမြည်းသဘောနဲ့ပြသလိုက်ပါတယ်။ ပရိသတ်တွေကတော့ ဒီတစ်ခါ cover song ကိုလဲ ဘယ်လိုအံ့သြမှုတွေဖြစ်အောင် အကြမ်းစားရိုက်ကူးထားသလဲဆိုတာ သိချင်နေကြပြီပဲဖြစ်ပါတယ်။ နေရွှေသွေးအောင်ရဲ့ နောက်ထပ်သီချင်းလေးဖြစ်တဲ့ Hero သီချင်းဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။