ချစ်သူချင်းဆိုပေမယ့် အသိမပေးလို့ ထောင် ၈ လ ကျခဲ့ရတဲ့ ရဲဝန်ထမ်း
21 Dec 2018 1,349 Views
သမီးရည်းစားချစ်သူနှစ်ဦး ချစ်တင်းနှောကြစဉ်မှာ ကောင်မလေးမသိအောင် ပြုလုပ်မိခဲ့တဲ့ ခိုးကြောင်ခိုးဝှက် အပြုအမူတစ်ခုကို မိန်းကလေးက လုံးဝခွင့်မလွှတ်နိုင်တဲ့အတွက် ရဲကိုတိုင်ကြားခဲ့တာကြောင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ အမျိုးသားကို ထောင်ဒဏ် ၈ လ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ဂျာမန်ရဲတစ်ဦးလည်းဖြစ်တဲ့ အမျိုးသားဟာ သူ့ရဲ့ရည်းစားကောင်မလေးနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလက နှစ်ဦးသဘောတူ လိင်ဆက်ဆံခဲ့ကြစဉ် မိန်းကလေးကို အသိမပေးပဲ အကာအကွယ်(ကွန်ဒုံး)ကို မသိအောင် အသာလေးချွတ်ပြီး ဆက်ဆံခဲ့ပါတယ်။ နောက်ဆုံး အထဲမှာ ပြီးဆုံးခဲ့မှ မိန်းကလေးက အံ့သြထိတ်လန့်စွာ သိလိုက်ရတဲ့အတွက် အမျိုးသားကို ချက်ခြင်း ထားခဲ့ပြီးနောက် ရဲစခန်းကို ဖုန်းခေါ်ပြီးတိုင်ကြားခဲ့ပါတယ်။
အသက် ၃၆ နှစ်အရွယ် အမျိုးသားကို အဓ္ဓမပြုကျင့်မှုနဲ့ ဘာလင်ရဲအဖွဲ့က ဖမ်းဆီးခဲ့ပြီး စစ်ဆေးခဲ့ရာမှာ အဓ္မမကျူးလွန်မှု မဟုတ်ကြောင်း သိရှိခဲ့သည်။ အမျိုးသား၏ လျှောက်လဲချက်အရ ရည်းစားဖြစ်သူနဲ့ လိင်ဆက်ဆံနေစဉ် ကွန်ဒုံး ပေါက်ပြဲသွားသည့်အတွက် သူမ မသိအောင် အသာလေးချွတ်ခဲ့ကြောင်း၊ သူ၏ အစီစဉ်မှာ ကိစ္စကို မိန်းကလေး၏ ကိုယ်ပေါ်မှာ ပြီးမယ်လို့ ရည်ရွယ်ခဲ့ပေမယ့် မထိန်းနိုင်ပဲ အတွင်းမှာသာ ပြီးခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။
ဒါကြောင့်မို့ နှစ်ဦးသဘောတူ ခွင့်ပြုချက်မရပဲ ကွန်ဒုံးကို ဖယ်ရှားခဲ့တာ ထင်ရှားသည့်အတွက် လိင်ပိုင်ဆိုင်ရာစော်ကားမှုမြောက်ကြောင်း ပြစ်မှုထင်ရှားခဲ့သည်။ ပြစ်မှုအတွက် ယူရိုငွေ ၃,၀၀၀ နှင့် တာဝန်ရပ်စဲလျှက် ထောင်ဒဏ် ၈ လကျခံစေရန် တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ငွေဒဏ်ထဲမှ ယူရို ၉၆ ကို အမျိုးသမီးအတွက် ဆေးစစ်ရာတွင် ကျချပေးမည်ဖြစ်သည်။
အဆိုပါအမှုဟာ ဂျာမဏီနိုင်ငံမှာ ပထမဦးဆုံး အမှုလည်းဖြစ်ပါတယ်။ တရားရေးကျွမ်းကျင်သူတွေကလည်း အခုလို ခိုးကြောင်ခိုးဝှက်လုပ်ရပ်ဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှုမြောက်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။