BEC-TERO TV

ဗီယက်နမ်အလှမယ် ရရှိခဲ့တဲ့ဆုကြေးငွေ ၁ ဘီလီယံကို အားလုံးလှူဒါန်း

21 Dec 2018     1,458 Views


၂၀၁၈ ခုနှစ် မယ်စကြဝဠာပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ဗီယက်နမ်အလှမယ် H’hen Nie က သူမရရှိခဲ့တဲ့ ဆုကြေးငွေများအားလုံးကို လုမှုအကျိုးပြုအဖွဲ့အစည်းများ အားလုံးကို လှူဒါန်းရန် ဆုံးဖြတ်ခဲ့သည်။


အဆိုပါသတင်းကို ဗီယက်နမ်နိုင်ငံဆိုင်ရာ မယ်စကြဝဠာအဖွဲ့အစည်းရဲ့ အင်စတာဂရမ်ပေါ်ကနေတစ်ဆင့် ဗုဒ္ဓဟူးနေ့က တရားဝင် ကြေညာခဲ့ခြင်းဖြစ်သည်။ Miss H’hen Nie က သူမရရှိခဲ့တဲ့ ဗီယက်နမ်ဒေါ်လာ ၁ ဘီလီယံ (ကျပ် သိန်း ၆၈၀ နီးပါး) ကို လူမှုရေးအဖွဲ့အစည်းများသို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။


Miss H’hen Nie ဟာ မယ်စကြဝဠာပြိုင်ပွဲတွင် စကာတင် ၅ ဦးထိ ရောက်ရှိခဲ့သော ပထမဦးဆုံးအလှမယ်အဖြစ် ဗီယက်နမ်နိုင်ငံမှာ သမိုင်းတွင်ခဲ့သူလည်းဖြစ်ပါတယ်။ အဖွဲ့ချုပ်က တင်ထားခဲ့တဲ့ သတင်းမှာတော့ ပြိုင်ပွဲအတွက် လူမှုရေးလှုပ်ရှားမှု ပရောဂျက်ဖြစ်တဲ့ “Room to Read” ပရောဂျက်မှာ ရွာတွေက ကလေးတွေရဲ့ ပညာရေးအထောက်အပံ့ဖြစ်စေရမယ်ဆိုတဲ့ သူမရဲ့ ကတိအတိုင်း လှူဒါန်းခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒီပရောဂျက်မှာ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ စာကြည့်တိုက်တွေ နေရာအနှံ့တည်ဆောက်ပေးဖို့နဲ့ ကျောင်းသူလေးတွေရဲ့ ပညာရေးကို ထောက်ပံ့ပေးဖို့တွေ ပါဝင်ပါတယ်။


ဗုဒ္ဓဟူးနေ့က မယ်စကြဝဠာပြိုင်ပွဲကနေ ပြန်ရောက်လာတဲ့ Miss H’hen Nie ကို ပရိသတ်တွေက လေဆိပ်မှာ လာရောက်ကြိုဆိုခဲ့ကြပါတယ်။

အိမ်အပြန်ကို လာကြိုနေကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ပြိုင်ပွဲကာလတစ်လျောက်လုံး ကျွန်မ ပင်ပန်းတယ်လို့ မခံစားရပါဘူး။ ငိုလည်းမငိုခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မအိမ်ပြန်လာချိန်မှာ အခုလို ပရိသတ်တွေက နွေးနွေးထွေးထွေးကြိုဆိုတာကို တွေ့လိုက်ရတော့မှ ငိုခဲ့ရပါတယ်” လို့ သူမရဲ့ အင်စတာဂရမ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။


21 Dec 2018     1,458 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS