ငှက်ပျောသီးတစ်နေ့တစ်လုံးစားခြင်းရဲ့ ရလဒ်အကျိုးကျေးဇူးများ
21 Dec 2018 1,903 Views

ပိုတက်ဆီယမ်ဓာတ်ဆိုတာ ကိုယ်ခန္ဓာအတွင်းရှိ ဆဲလ်များအတွက်မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ တစ်နေ့တာအတွက် ဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာကို မလစ်ဟင်းအောင်လုပ်ဆောင်ပေးတဲ့ ဓာတ်တစ်မျိုးဆိုလဲမမှားပါဘူး။ နှလုံးခုန်နှုန်းကိုလဲ ပုံမှန်ဖြစ်စေပြီး သွေးထဲမှာရှိတဲ့ ဂလူးကို့စ်(သကြားဓာတ်) ပမာဏကိုထိန်းပေးဖို့ အင်ဆူလင်တွေ ထုတ်ပေးနိုင်တဲ့ဓာတ်တစ်မျိုးပါ။ ဒါကြောင့် ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီး တစ်နေ့တစ်လုံးစားခြင်းဟာ သွေးဖိအားကိုသင့်တင့်မျှတစေပါတယ်။
ငှက်ပျောသီးတစ်လုံးမှာပါဝင်တဲ့ ဗီတာမင်စီဟာ ကိုယ်ခန္ဓာတွင်းအမြစ်တွယ်ဖို့ကြိုးစားနေတဲ့ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ ၎င်းမှာပါဝင်တဲ့ အမျှင်ဓာတ်ကလဲ ကင်ဆာဆဲလ်တွေ တိုးပွားလာခြင်းမှကာကွယ်ပေးပါတယ်။
ဆိုဒီယမ်ဓာတ်ဟာလူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းကိုမူမမှန်ဖြစ်စေပါတယ်။ ကိုယ်ခန္ဓာမှာ ပိုတက်ဆီယမ်ဓာတ်များပြားလာခြင်းဟာဆိုဒီယမ်ဓာတ်ကို သိသိသာသာ လျော့နည်းစေပြီး နှလုံးနဲ့ပတ်သတ်တဲ့ ရောဂါဝေဒနာတွေဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါကြောင့် နှလုံးကိုဒုက္ခပေးနေတဲ့ ဆိုဒီယမ်ဓာတ်ကို လျော့ချနိုင်ဖို့ ပိုတက်ဆီယမ်အများဆုံးပါဝင်တဲ့ငှက်ပျောသီးများများစားဖို့လိုပါတယ်။