အာလာဒင်မီးခွက်စောင့်ဘီလူးအဖြစ်သရုပ်ဆောင်မယ့် မင်းသားကြီး Will Smith ပြင်းပြင်းထန်ထန်ဝေဖန်ခံရ
20 Dec 2018 2,422 Views
1992 ခုနှစ်မှာ Walt Disney ကထွက်ရှိခဲ့တဲ့ အာလာဒင်ကာတွန်းကားကိုလူနဲ့ တဖန်ပြန်လည်အသက်သွင်းတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုရုပ်ရှင်ဇာတ်ကားကြီး အနေနဲ့ ၂၀၁၉ မေလပိုင်းမှာရုံတင်ပြသသွားမယ်လို့သိရပါတယ်။
ဒီဇင်ဘာလ ၁၉ ရက်နေ့၊ ဗုဒ္ဓဟူးနေ့မှာ Entertainment Weekly က အာလာဒင်ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပထမဦးဆုံးပိုစတာဓာတ်ပုံကိုထုတ်ပေးခဲ့တဲ့အခါမှာတော့ မူရင်းအာလာဒင် ကာတွန်းကားရဲ့ ပရိတ်သတ်တွေကမကျေမနပ်ဖြစ်ခဲ့ကြပါတယ်။
ဘာကြောင့်လဲဆိုတော့ အာလာဒင်ရဲ့ မီးခွက်စောင့် ဘီလူးနေရာကပါဝင်သရုပ်ဆောင်မယ့် မင်းသားကြီး Will Smith ဟာ အသားအရောင်ကလဲ အပြာရောင်မဟုတ်ပဲ ရိုးရာအဝတ်အစားကို ဆင်မြန်းခဲ့တဲ့ အတွက် ပရိတ်သတ်တွေက မကျေမနပ်ဖြစ်ခဲ့ကြတာပါ။ ပုံမှန်ဆို မီးခွက်စောင့်ဘီလူးဟာ အကျီင်္အဝတ်အစားဆင်မြန်းထားခြင်းမရှိပါဘူး။
မူရင်းဇာတ်ရုပ်မပျောက်ပျက်အောင်ထိန်းသိမ်းသင့်တယ် ဒီလိုလုပ်တာဟာမီးခွက်စောင့် ဘီလူးရဲ့ ကာရိုက်တာကိုထိခိုက်စေတယ်လို့ ပရိတ်သတ်များကဝေဖန်ပြောဆိုလာကြပါတယ်။
ဒါ့အပြင်မီးခွက်စောင့်ဘီလူးရဲ့အသားရောင်ဟာအပြာရောင်ဖြစ်ပြီး ပုံမှာ ထွက်ပေါ်လာတဲ့ Will Smith ရဲ့ အသားအရောင်မှာအပြာရောင်တစ်စက်မှ မပါကြောင်း၊ ကာရိုက်ာပီပြင်ဖို့ အပြာရောင်ပြောင်းသင့်ကြောင်းပြောဆိုလာပါတယ်။
Walt Disney ကထွက်ရှိတဲ့ ကာတွန်းကားများဟာလူကြိုက်များကျော်ကြားလေ့ရှိပြီး ဆယ်စုနှစ်တစ်ခုအထိ လူအများရဲ့အားပေးခြင်းကိုခံခဲ့ရတာပါ။ Snow White, Cinderella, Sleeping Beauty, Alice in wonderland, Beauty and the beast, the Jungle Book, The Little Mermaid အစရှိတဲ့ နာမည်ကြီးကာတွန်းကားတွေကို လူနဲ့ live action ပြန်ရိုက်တဲ့အခါမှာလဲ ပရိတ်သတ်ရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိခဲ့ပါတယ်။ အာလာဒင် မှသာဒီလိုတွေပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတာဖြစ်ပါတယ်။
Alladin Live Action မှာ အာလာဒင်နေရာက မင်းသား Mena Massoud၊ ဂျက်စမင်းနေရာက Naomi Scott တို့ကအသီးသီးပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး Will Smith အနေနဲ့လဲ ဇာတ်ရုပ်ပီပြင်အောင်အသားရောင်ပြောင်းမလားဆိုတာ လာမယ့် ၂၀၁၉ မေလပိုင်းရုံတင်ပြသမယ့်အချိန်ထိစောင့်ကြည့်လိုက်ကြရအောင်။