BEC-TERO TV

ဇနီးသည်ရဲ့ အလောင်းနဲ့ တစ်နှစ်ကြာအတူနေထိုင်ခဲ့တဲ့ ဂျပန်အမျိုးသားကြီး ဖမ်းဆီးခံရ

20 Dec 2018     1,405 Views


ဂျပန်နိုင်ငံ ဖူကူအိုကာ စီရင်စုရှိ အသက် ၇၄ နှစ်အရွယ် ဂျပန်အမျိုးသားကြီး အိုကူဒါယိုရှိဟီဆာ ဟာ ဇနီးဖြစ်သူရဲ့ အလောင်းကို သင်္ဂြိုလ်ခြင်းမပြုပဲ အိမ်ထဲမှာ တစ်နှစ်ကြာအတူနေထိုင်ခဲ့ပါတယ်။

သူတို့ရဲ့ နေအိမ်သက်တမ်းဟာ နှစ်စေ့သွားတဲ့အတွက် အသစ်ပြန်ဆောက်ဖို့ ဆောက်လုပ်ရေး ကန်ထရိုက်တွေက အဆောက်အဦကို ဖြိုချဖို့ လုပ်စဉ်မှာ အလွန်အမင်းပုတ်သိုးနေတဲ့ အမျိုးသမီးအလောင်းကို တွေ့ရှိခဲ့တဲ့အတွက် ရဲကို အကြောင်းကြားခဲ့ပါတယ်။

အိုကူဒါယိုရှိဟီဆာ နဲ့ ဇနီးဖြစ်သူတို့ဟာ အိမ်ထောင်သက် ၃၃ နှစ်ကြာမြင့်ခဲ့ပြီး၊ ပြီးခဲ့တဲ့ အောက်တိုဘာလက ဇနီးဖြစ်သူ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့ ပက်သက်တဲ့ ခိုင်လုံတဲ့ တရားဝင်အထောက်အထား၊ မှတ်ပုံတင် စတာတွေ ဘာမှ မရှိဘူးဆိုတာ သိလိုက်ရပါတယ်။

သူတို့နှစ်ဦးဟာ နိုက်ကလပ်တစ်ခုမှ ဆုံတွေ့ခဲ့ကြပြီး လင်မယားအဖြစ် ၃၃ နှစ်ကြာပေါင်းသင်းနေထိုင်ခဲ့ကြပေမယ့် တရားဝင်လက်ထပ်ထားခြင်း မရှိခဲ့ပါဘူး။ ဇနီးသည်ရဲ့ မှတ်ပုံတင် စာရွက်စာတမ်းတွေ ကျပျောက်ခဲ့တယ်လို့ ထင်ထားခဲ့ပေမယ့် အခုတော့ သူ့ရဲ့ဇနီးနဲ့ ပက်သက်ပြီး ဂျပန်မှာ တရာဝင်အထောက်အထား ဘာမှမရှိတာကို သိခဲ့ရပါတယ်။

ဇနီးသည်ကွယ်လွန်ပြီးနောက် ဇနီးရဲ့ ရုပ်အလောင်းကို အမွေးနံ့သာတွေနဲ့ စီမံပြီး တစ်နှစ်ကြာအောင် အတူနေထိုင်ခဲ့ပါတယ်။ နောက်ဆုံး အဆောက်အဦးကနေ ဖယ်ရှားပေးရတော့မယ့် အချိန်ရောက်မှ အလောင်းကို အိမ်ခန်းမှာ ထားခဲ့ပြီး ထွက်သွားခဲ့တာဖြစ်ပါတယ်။ အိုကူဒါယိုရှိဟီဆာ ဟာ ဘာအတွက်ကြောင့် ဇနီးသည်ရဲ့ အလောင်းကို မသင်္ဂြိုလ်ခဲ့လည်းဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါ။


20 Dec 2018     1,405 Views




RELATED

Most Popular of Special or Others

Most Popular of NEWS