Wanna One ရဲ့ ရူးသွပ်တဲ့ ဖန်တွေကြောင့်လေယာဉ်ထွက်ဖို့(၁)နာရီခန့်နှောင့်နှေးခဲ့
19 Dec 2018 1,320 Views
တောင်ကိုးရီးယားနိုင်ငံရှိ နာမည်ကြီးအမျိုးသားအဆိုတော်အဖွဲ့ဖြစ်တဲ့ Wanna One ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်မှာ တရုတ်နိုင်ငံ၊ ဟောင်ကောင်မြို့မှာကျင်းပပြုလုပ်တဲ့ Mnet Asia Music Awards 2018 ဆုပေးပွဲကြီးကို တက်ရောက်ဖို့ ဟောင်ကောင်ကိုရောက်ရှိနေခဲ့တာဖြစ်ပါတယ်။
၂၀၁၈ နှစ်အကုန်မှာ အေဂျင်စီနဲ့သက်တမ်းကုန်တော့မှာဖြစ်တဲ့ Wanna One အဖွဲ့ဟာ မကြာခင် disband တော့မှာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဒီ ဆုပေးပွဲဟာ Band ရဲ့ နိုင်ငံရပ်ခြား နောက်ဆုံးဖျော်ဖြေမှုဆိုရင်လဲမမှားပါဘူး။ ဟောင်ကောင်က ပရိတ်သတ်တွေဟာ မကြာခင် disband တော့မှာဖြစ်တဲ့ Wanna One အဖွဲ့ကိုလက်မခံနိုင်သေးတဲ့ အခြေအနေရှိပုံရပါတယ်။
ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ တောင်ကိုးရီးယားလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Seoul-Korean Arline ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ အသက် ၂၀ ဝန်းကျင်ရှိတဲ့မိန်းကလေး သုံးဦးဟာ ဟောင်ကောင်ကနေ ဆိုးလ်သို့ ပျံသန်းမယ့် လေယာဉ်ပေါ်မှာ Wanna One နဲ့အတူစီးနင်းလိုက်ပါရန် business နဲ့ first-class နေရာကနေလက်မှတ်ဖြတ်ခဲ့ပါတယ်။
အဆိုပါမိန်းကလေး သုံးဦးဟာ လေယာဉ်ပေါ် Wanna One တက်လာတဲ့အချိန်မှစပြီး ပိုစတာဓာတ်ပုံများကိုင်ကာ ဆူညံမှုပြုလုပ်ခဲ့ကြပါတယ်။
လေယာဉ်မောင်မယ်များက သူမတို့သုံးဦးကို ဆူညံသံမပြုလုပ်ဖို့နဲ့ Wanna One အဖွဲ့ဝင်တွေကို အနှောင့်အယှက်မပေးဖို့တားမြစ်ခဲ့ပါတယ်။
ထိုသို့တားမြစ်ပြီး အဆိုပါ မိန်းကလေးသုံးဦးက လေယာဉ်ကို ဆိုးလ်သို့ပျံသန်းဖို့မလိုက်ဖြစ်တော့ကြောင်း၊ လေယာဉ်လက်မှတ်ဖိုးပြန်လျော်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ လေကြောင်းလိုင်းကလဲ ထိုသုံးဦးကိုမောင်းချပြီး သူတို့ကဲ့သို့ အများပြည်သူကိုအနှောင့်အယှက်ပေးမည့်သူများပါလာမှာစိုးတဲ့အတွက် လိုက်ပါ စီးနင်းသူဧည့်သည်များကို လေယာဉ်ပေါ်မှဆင်းစေပြီးတစ်ဖန် ပြန်လည်စစ်ဆေးခဲ့ပါတယ်။
သူမတို့ သုံးဦးရဲ့ လုပ်ရပ်ကြောင့်အဆိုပါ Wanna One အဖွဲ့လိုက်ပါစီးနင်းသော လေယာဉ်ပေါ်မှ ခရီးသည်များအားလုံးဟာ တစ်ဖန်အထုပ်အပိုးများနဲ့ ပြန်လည်ဆင်းသက်ပြီး Security Check တွေပြန်လုပ်ရတဲ့အတွက် အချိန်နှောင့်နှေးကြန့်ကြာမှုတွေဖြစ်ခဲ့ရပါတယ်။
တချို့ခရီးသည်တွေကလဲ ဒီလိုနှောင့်နှေးကြန့်ကြာမှုကိုစိတ်ခုသွားတဲ့အတွက် flight cancel လုပ်သွားကြပါတယ်။ လေကြောင်းလိုင်း ဥပဒေအရ Seoil-Korean Airline ဟာ cancel လုပ်သွားတဲ့ ခရီးသည်တွေကိုအပိုထပ်ဆောင်း ဝမ် ၂ သိန်းစီလျော်ကြေးပေးရမှာဖြစ်ပါတယ်။