BEC-TERO TV

၂၀၁၈ ခုနှစ်မှာ အပြာကား ကြည့်ရှုမှုအများဆုံးနိုင်ငံတွေကို pornhub ကထုတ်ပြန်ကြေညာ

18 Dec 2018     3,027 Views


၂၀၁၈ ခုနှစ်မှာ အပြာကား ကြည့်ရှုမှုအများဆုံးနိုင်ငံတွေကို pornhub ကထုတ်ပြန်ကြေညာ နှစ်စဉ်နှစ်တိုင်းမှာ Pornhub က သူတို့ရဲ့ ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုသူတွေရဲ့အခြေအနေ ထုတ်ပြန်လေ့ရှိပါသည်။ အခု ၂၀၁၈ ခုနှစ်မှာတော့ ဝင်ရောက်ကြည့်ရှုသူ ၃၃.၅ ဘီလီလျံထိရှိခဲ့ပြီး အရင်နှစ်ကထက် ၅ ဘီလီလျံ ပိုများနေတာပါ၊ နေ့စဉ်ပျမ်းမျှဝင်ကြည့်ရှုသူ ၉၂ သန်း ရှိခဲ့ပြီ အခုမှာတော့ သန်း ၁၀၀ အထိရောက်ရှိခဲ့ပါပြီ။ အပြာကားရှာဖွေမှုလည်း ၃၀.၃ ဘီလီလျံ ဖြစ်နေပြီး ဒီပမာဏက တစ်စက္ကန့်မှာ ၉၆၂ ကြိမ်ရှာဖွေမှုတွေရှိနေပါတယ်။


ဝင်ရောက်ကြည့်ရှုမှုအများဆုံးနိုင်ငံတွေမှာ အမေရိကန်က ထိပ်ဆုံးကရှိနေပါတယ်။ ကြည်ရူသူအများဆုံး ဖြစ်တဲ့ အမေရိကန် က ဒုတိယနေရာရှိနေတဲ့သူတောင်လိုက်မမှီနိုင်တဲ့ ကြည့်ရှုနှုန်းအများဆုံးဖြစ်နေခဲ့ပါတယ်။ အမေရိကန်နိုင်ငံ နောက်မှာတော့ ရှိနေတဲ့ကြည့်ရှုမှုအများဆုံးနိုင်ငံတွေကတော့ ယူကေ၊ အိန္ဒိယ၊ ဂျပန် နှင့် ကနေဒါ နိုင်ငံတို့ အသီးသီးရပ်တည်နေတာပါ။


ဒါပေမယ့် အမေရိကန်အနေနဲ့ ဝင်ရောက်ကြည့်ရှုနှုန်းအများဆုံးဖြစ်ပေမယ့် ကြည့်ရှုချိန်ကြာချိန်စာရင်းမှာတော့ ပျမ်းမျှ ၁၀ မိနစ် ၃၇ စက္ကန့် နှုန်းနဲ့ တတိယနေရာမှာရှိနေခဲ့ရတာပါ။ ဒီစာရင်းမှာ ဖိလစ်ပိုင်နိုင်ငံက ၁၃ မိနစ် ၅၀ စက္ကန့် နဲ့ ထိပ်ဆုံးမှာပြေးနေပြီး ၁၀ မိနစ် ၅၇ စက္ကန့် နဲ့ဒုတိယနေရာမှာတော့ တောင်အာဖရိကနိုင်ငံ ရှိနေခဲ့ပါတယ်။ နေ့တစ်နေ့ရဲ့ မိနစ်တစ်မိနစ်တိုင်းမှာ ဗီဒီယိုပေါင်း ၂၀၇၄၀၅ ခုကြည့်ရှုမှုတွေရှိနေခဲ့ပါတယ်။ ဒါပေမယ့် ကြည့်ရှုစရာ အပြာကားမရှိမှာမပူပါနဲ့ ၂၀၁၈ ခုနှစ်မှာ ဇာတ်ကားပေါင်း ၅ သန်းကော်ျတင်ထားတာရှိပါသေးတတယ်။

ရှာဖွေမှုအများဆုံး နာမည်စာရင်းမှာတော့ “Lesbian” ကထိပ်ဆုံးကရပ်တည်နေပါတယ်။ အမျိုးသားနှင့်အမျိုးသမီးကြည့်ရှုသူအချိုးကျတွက်ချက်ထားတဲ့စာရင်းအရ ဖိလစ်ပိုင်နိုင်ငံကတော့ (အမျိုးသား ၆၂ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၃၈ ရာခိုင်နှုန်း) နှင့်ဦးဆောင်နေပြီ ဘရာဇီးလ်နိုင်ငံနှင့်တောင်အာဖရိကနိုင်ငံကတော့ (အမျိုးသား ၆၅ ရာခိုင်နှုန်း နှင့် အမျိုးသမီး ၃၅ ရာခိုင်နှုန်း) ဖြင့်နောက်ကနေကပ်လိုက်နေပါတယ်။ ဖုန်းနဲ့ဝင်ရောက်ကြည့်ရှုမှုနှုန်း က ၇၁.၆ ရာခိုင်နှုန်း ရှိနေပြီး ကွန်ပြုတာနှင့်ကြည့်ရှုသူ ၁၉.၇ ရာခိုင်နှုန်း နှင့် တဘလက်နှင့်ကြည့်ရှုသူကတော့ ၈.၇ ရာခိုင်နှုန်းစီရှိပါသည်။ နှစ်သစ်ကာလ၊ အမေရိကန်နိုင်ငံမှာ တော့ ၃၈ ရာခိုင်နှုန်းအထိကျဆင်းနေတာပဲဖြစ်ပါသည်။ အကြီးမားဆုံး ကြည်ရှု့သူနှုန်းတက်လာတာကတော့ “Valentine’s Day” ချစ်သူများနေ့မှာဖြစ်ပြီး ၇ ရာခိုင်နှုန်းအထိ ရောက်ခဲ့ပါတယ်။


မြန်မာနိုင်ငံအနေအထားအရတော့ Pornhub ကနေမဟုတ်ပဲ အခြားသော ဝက်ဘ်ဆိုဒ်တွေ၊ ချက်ဂရုထဲမှာ ဝင်ကြည့်နေတာမျိုးတွေဖြစ်နေမှာပါ။ ဒါကြောင့်မို့ ဗိုလ်မစွဲတာပဲဖြစ်နေတာဖြစ်ပါလိမ့်မယ် ။ သင်ရော အပြာကားတွေကြည့်ဖြစ်လား ၊ ဟီးးးးး


18 Dec 2018     3,027 Views




RELATED

Most Popular of Special or Others

Most Popular of NEWS