ပရိသတ်မသိသေးတဲ့ မင်းသွေးရဲ့အကြောင်းကို ၀မ်းနည်းစွာပြောပြလာတဲ့ မင်းသွေးရဲ့ချစ်သူ
14 Dec 2018 2,502 Views
အနုပညာလောကထဲမှာ နေရာတစ်နေရာရထားပြီး ပရိသတ်များကချစ်ခင်စွာအားပေးဝန်းရံထားကြတဲ့ သရုပ်ဆောင်မင်းသွေးကတော့ လူ့လောကထဲကနေ အပြီးတိုင်နှုတ်ဆက်ထွက်ခွာသွားတာ နှစ်လကျော်ခန့်ရှိသွားပြီပဲဖြစ်ပါတယ်။ အချိန်မတိုင်ခင်ကြွေလွင့်သွားတဲ့ မင်းသွေးကိုဆုံးရှုံးလိုက်ရတာက အနုပညာလောကရဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ မင်းသွေးကိုဆုံးရှုံးလိုက်ရမှုကြောင့် အစ်ကိုဖြစ်သူနေတိုးအပါအ၀င် အနုပညာအသိုင်းအ၀ိုင်းကသာမက ပရိသတ်တွေပါ ယနေ့တိုင်စိတ်မကောင်းကြီးစွာဖြစ်လို့နေပါတယ်။
ဒါ့အပြင် သူအရမ်းကိုမျှော်လင့်ခဲ့ရတဲ့ နေ့လေးကလဲမျက်မှောက်ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်။ ဒီနေ့ကတော့ “သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားကို ရုံစတင်ပြသတော့မယ့်နေ့ပဲဖြစ်ပါတယ်။ ထိုဇာတ်ကားထဲအတွက် မင်းသွေးတစ်ယောက် ဘယ်လိုမျိုးအကြီးအကျယ် ကြိုးစားပြင်ဆင်ထားခဲ့ရလဲဆိုတာကို မင်းသွေးရဲ့ချစ်သူကောင်မလေးမှ ပရိသတ်တွေသိအောင် ၀မ်းနည်းမှုများစွာနဲ့ ဖွင့်ဟပြောပြလာပါတယ်။
“သတ်ကွင်းတဲ့…. စရိုက်ဖို့စီစဉ်ကျ ထဲက တွေ့တိုင်း ဖုန်းပြောစကားပြောဖြစ်ကျတိုင်း ကို က ဆမ် လေ ဘယ်လိုလုပ်ရမှာဘယ်မှာရိုက်မှာဇာတ်အကြောင်းပြောပြလွန်းလို့ ဖုန်းကြီး ကိုင်ပြီး အိပ်ပြောသွားတဲ့အခိုက်အတန်တွေရှိတယ်….တွဲလာကျတဲ့ သက်တမ်းတလျှာက်မှာ ငါတွဲလာတာ သူရော် ဟုတ်ရဲ့လား လို့ ကိုယ့်ကိုယ်ကိုအကြိမ်ကြိမ် ပြန်မေးဘူးတယ် အရမ်းရုပ်ဆိုးသွားအောင် သူဟာသူပြင်ဆင်ခဲ့တယ် ဇာတ်ကားက မရိုက်ရသေးဘူး ၂လ ၃လ အလွန်လောက်ထဲက မုတ်ဆိပ်မွေးနှတ်ခမ်းမွေးတွေထား ပိန်လိနေအောင်နေ သူမှန်းမသိနိုင်အောင်ကိုပြင်ဆင်ခဲ့တာပါ…”
“ကားပြီးတော့လဲ တချိနိလုံး ပါးစပ်ကကိုမချ ဟိုပြေးဒီပြေး edit လည်းပါချင် အသံလဲပါချင် poster လဲသူပါချင် trailer ထုတ်မယ် intro လုပ်မယ် နေရာတကာကိုပါနေလို့ ယူ မင်းသား လာ တောက်တိုမယ်ရလာ မေးခဲ့ဘူးပါတယ်….ဘယ်နှယ့် ရည်းစားနဲ့ ချိန်းတွေ့ တာတောင် edit ထိုင်ဖို့ခဏသွားကျမယ် ဆိုပြီး သူတို့ edit ဆက်တဲ့ တိုက်ရဲ့အောက်မှာ ၂ နာရီလောက် ကိုယ်ကို ကားပေါ်မှာထားခဲ့ရက်သောသူပါ…. သူငယ်ချင်းတွေနဲ့တွေ့တာတောင် သူ့ကား trailer ကြီး ထုတ်ထုတ်ပြလွန်းလို့ ညီးနော် အဲဒါကြီး မပြီးတော့ဘူးလာပြောယူခဲ့ရတယ်….”
“ကားကြီး ရုံပေါ်မရောက်ခင်အထိ ဖင်တကြွကြွ နဲ့ ဂဏာမငြိမ် မင်းသွေးစိန် ဖြစ်နေခဲ့တာ… ကိုယ်အလုပ် က ညဘက် ဖလိုက် က နေ မနက်ဝေလီဝေလင်းမှပြန်ရောက် သူကြည့်တော့ မအိပ်သေး ဘာလုပ်နေတာလဲမေးတော့ BBL ကို စောင့်နေတာလေ တဲ့ အော် ကျုပ်က ကလေးပေါက်စန ဆိုတော့ သူတို့ promotion interview တွေဆက်နေတာ မသိတာမှတ်လို့ ကိုကိုပုရယ်….ကိုယ်တိုင် ပါဝင် အပင်ပန်းခံ နေ့စဉ်ညတိုင်း မအိပ်မစား လုပ်ခဲ့ပြီး မှ …. အဓိပ္ပာယ်မဲ့ခဲ့ပြီးလေ….”
“ဘာပဲဖြစ်ဖြစ် မနက်ဖြန် ညီး အရမ်း ကြိုးစားခဲ့တာလေ အကောင်အထည် ပေါ်တော့မယ်နော်….အဝေးမှာပျော်နေပြီးဆိုတာသိပါတယ်…. အမှတ်ရလို့ လူလောကပြန်ကြည့်မိရင် လည်း လူတွေအများကြီး က ညီး အတွက် ဂုဏ်ယူနေပါတယ်လို့…..ချစ်သော Daw Kay “ဆိုပြီး သတ်ကွင်းဇာတ်ကားလေးအတွက် စိတ်ရောကိုယ်ပါနှစ်ကာပြင်ဆင်ခဲ့တဲ့ မင်းသွေးရဲ့အကြောင်းကို ပရိသတ်တွေသိအောင် ပြောပြလိုက်တာပဲဖြစ်ပါတယ်။
မင်းသွေးပါဝင်သရုပ်ဆောင်ထားပြီး သူ့အတွက်နောက်ဆုံးရုပ်ရှင်ဇာတ်ကားလေးဖြစ်တဲ့ “သတ်ကွင်း”ရုပ်ရှင်ကလဲ ဒီကနေ့ ဒီဇင်ဘာ (၁၄) ရက်နေ့မှစတင်ကာ ရုံတင်ပြသနေပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ မင်းသွေးကိုချစ်တယ်ဆိုရင် သူရဲ့နောက်ဆုံးရုပ်ရှင်ဇာတ်ကားလေးဖြစ်တဲ့ “သတ်ကွင်း” မှာ မင်းသွေးဘယ်လိုတွေကြိုးစားအားထုတ်ထားလဲဆိုတာကို သွားရောက်ကြည့်ရှုအားပေးလိုက်ကြပါဦးနော်….