BEC-TERO TV

ချစ်သူကို ဘယ်လိုချုပ်ရမလဲ ပြောပြလိုက်တဲ့အေးမြတ်သူ

14 Dec 2018     1,707 Views


ရယ်လိုက်ပြုံးလိုက်ရင် ပါးနှစ်ဖက်မှာ ချိုင့်ဝင်သွားတဲ့ပါးချိုင့်လေးတွေရဲ့ ပိုင်ရှင်အေးမြတ်သူ ဟာ မိန်းကလေးတွေချစ်သူကို ဘယ်လိုချုပ်ရမလဲဆိုတဲ့ အကြောင်း ပြောပြလာပါတယ်။


အေးမြတ်သူဟာ သူမရဲ့ချစ်စရာကောင်းတဲ့ ပါးချိုင့်များနဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံတတ်တဲ့ ဟန်ပန်အမူအရာများကြောင့် လူချစ်လူခင်ပေါသူတစ်ယောက်ပါ။


တလောကလဲ သူမ ကိုယ့်ကိုကိုယ်အပျိုကြီးဖြစ်ရတာဂုဏ်ယူတယ် အပျိုကြီးဆိုတာ ဂုဏ်ရှိတယ်ဆိုတဲ့အကြောင်းကိုလဲပြောဖူးပါသေးတယ်။တစ်ကိုယ်တည်းကပိုပျော်ဖို့ကောင်းတယ်၊ မိဘကိုလဲပိုအချိန်ပေးနိုင်တယ်လို့သူမက ပြောခဲ့တာပါ။


ဒီလိုတစ်ကိုယ်တည်းပျော်နေတဲ့ အပျိုကြီးက အချစ်ရေးနဲ့ပတ်သတ်ပြီး မိန်းကလေးတွေ ကိုယ့်ချစ်သူကိုဘယ်လိုချုပ်ရမလဲလို့ပြောပြလာပါတယ်။


မိန်းကလေးတစ်ယောက်က ချစ်သူကို ‘နင်ဘယ်သွားနေလဲ၊ ဘာလုပ်နေလဲ’ ဆိုပြီး အမြဲသဝန်တိုနေတာမျိုးတွေမလုပ်ရဘူးလို့ အေးမြတ်သူကပြောပါတယ်။ ချစ်သူကို အမြဲ ချုပ်ချယ်တာမျိုးတွေလုပ်နေရင်တော့ အချိန်တန်ရင်ပြတ်မှာပဲလို့သူမက ပြောလာပါတယ်။


ပြီးတော့သူမက မိန်းကလေးတွေကို ကိုယ့်ကိုကိုယ်အမြဲလှအောင်နေဖို့ပြောထားပါတယ်။ မိန်းကလေးတစ်ယောက် ကကိုယ့်ကိုကိုယ်အမြဲလှအောင်နေရင် ချစ်သူကအလိုလိုနေရင်းကိုယ့်ကို ချစ်လာလိမ့်မယ်လို့ဆိုပါတယ်။


ကိုယ်က အလှလဲမပြင်ပဲ ဖြစ်သလိုနေမယ်ဆိုရင် “ဒီဆော်ကြီးကဘာလဲ ရုပ်ကလဲဆိုးလာသေးတယ် ငါ့လဲလြာ့ပီး pressure တွေလာပေးနေသေးတယ်” ဆိုပြီးစိတ်ကုန်သွားတတ်ပါတယ် လို့မမြတ်လေးက ပြောထားပါတယ်။


ဒါကြောင့် မိန်းကလေးတွေကိုယ့်ချစ်သူက ကိုယ့်ကိုအရင်ကထက်ပိုချစ်လာအောင် မမြတ်လေးပြောတဲ့နည်းလမ်းလေးတွေကိုကျင့်သုံးကြည့်လိုက်ကြပါဦး။ မမြတ်လေးကို ချစ်တယ်ဆိုရင် like&share လုပ်ဖို့လဲမမေ့နဲ့ဦးနော်။



14 Dec 2018     1,707 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS