လီမင်ဟိုနဲ့ ဇာတ်ကားရိုက်မည်ဆိုတဲ့သတင်းအမှားကိုဖြေရှင်းလိုက်တဲ့လှယမင်းအိမ်
13 Dec 2018 1,616 Views
လှယမင်းအိမ်တဲ့ သူလေးကတော့ မြန်မာနိုင်ငံကနေ တောင်ကိုးရီးယားနိုင်ငံ၊ဒယ်ဂူမြို့မှာ ရှိတဲ့ ဂယ်မြောင်းတက္ကသိုလ်မှာ ကျောင်းသွားတက်နေတဲ့ တက္ကသိုလ်ကျောင်းသူလေးပဲဖြစ်ပါတယ်။ သူလေးရဲ့ ကိုးရီးယားနာမည်ကတော့ ဟန်းဆယ်ရာပါတဲ့။
သူမသင်ယူနေတဲ့ ဘာသာရပ်ကတော့ကိုးရီးယားအထူးပြုဘာသာရပ်ဖြစ်ပြီး အနုပညာအလုပ်တွေကိုစိတ်ဝင်စားတာကြောင့် နိုင်ငံပိုင်ရုပ်သံလိုင်းဖြစ်တဲ့ MBC မှာ သရုပ်ဆောင်လုပ်ဖို့လျှောက်ထားရင်း ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
သူမဟာယခုလက်ရှိမှာဆိုရင် နာမည်ကြီးကိုးရီးယားသရုပ်ဆောင်တွေနဲ့အတူ တွဲဖက်သရုပ်ဆောင်နေရပြီဖြစ်ပါတယ်။ မကြာသေးမီကမှ သူမရဲ့ လူမှုကွန်ယက်ဖေ့ဘွတ်ခ်စာမျက်နှာမှာ မင်းသားဆိုဂျီဆပ်နဲ့ ဆယ်လ်ဖီပုံ ရိုက်ပြီး တင်ခဲ့ပါတယ်။
လက်တလောမှာဆိုရင် သူမပါဝင်တဲ့ကိုးရီးယားဇာတ်လမ်းတွဲကို MBC ရုပ်သံလိုင်းမှာ ကိုးရီးယားစံတော်ချိန် မနက် ၁၁ နာရီမှာထုတ်လွှင့်ပြသလေ့ရှိကြောင်းသိရှိရပါတယ်။
ဒီလိုနာမည်ကြီးဇာတ်ကားတွေပဲ ထုတ်လွှင့်တဲ့ MBC ရုပ်သံလိုင်းမှာ ပါဝင်သရုပ်ဆောင်ဖို့ဆိုတာတော်ရုံအရည်အချင်းမျိုးနဲ့ မရပါဘူး။ မြန်မာနိုင်ငံက ကျောင်းသွားတက်တဲ့မိန်းကလေးတစ်ယောက်အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူစရာပါပဲ။
တောင်ကိုးရီးယားနိုင်ငံဟာ အနုပညာဆိုင်ရာအဖက်ဖက်က ထွန်းကားတဲ့နိုင်ငံဖြစ်တဲ့ အတွက် အာရှနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ လူငယ်တွေရဲ့ အိပ်မက်တစ်ခုပါပဲ။ အခုဆိုရင် K-pop နဲ့ ကိုးရီးယားဒရာမာတွေက အာရှနိုင်ငံတွေကို လွှမ်းမိုးထားနိုင်ဆုံးအရာတစ်ခုဖြစ်ပါတယ်။
ကိုးရီးယားနိုင်ငံမှာ တရုတ်၊ထိုင်း၊ တိုင်ပေ၊ ဂျပန် အစရှိတဲ့နိုင်ငံများမှ နိုင်ငံခြားသားအနုပညာရှင်တွေရှိကြသော်လည်း လှယမင်းအိမ်ကတော့ မြန်မာနိုင်ငံမှ ပထမဦးဆုံး ကိုးရီးယားမြေမှာထွန်းပေါက်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။
သရုပ်ဆောင်ကောင်းပြီး ထူးချွန်ထက်မြက်လှတာကြောင့်မြန်မာပရိတ်သတ်တွေရော၊ ကိုးရီးယားပရိတ်သတ်တွေရဲ့ ဝန်းရံခြင်းကိုခံနေရတဲ့ လှယမင်းအိမ်ဟာ နာမည်ကြီး F4 မင်းသား လီမင်ဟိုနဲ့ ဇာတ်လမ်းရိုက်ဖို့ရှိတယ်လို့သတင်းတွေထွက်လာခဲ့တာပါ။
သူမအနေနဲ့ ဒီသတင်းက မမှန်ကန်ကြောင်း၊ ကိုးရီးယားမင်းသားတစ်ယောက်ယောက်နဲ့ ဇာတ်ကားရိုက်ချင်လို့ မြန်မာနိုင်ငံက ပရိုဂျူဆာကိုဝေမင်းမောင်ကအကူအညီတောင်းတဲ့ အတွက် ကူညီပေးတာဖြစ်ကြောင်းဖြေရှင်းချက်ပေးခဲ့ပါတယ်။
ပြီးတော့ မြန်မာနိုင်ငံက ဇာတ်ကားရိုက်ဖို့ကမ်းလှမ်းထားတဲ့ ကိုးရီးယားမင်းသားက လီမင်ဟိုဖြစ်မယ်ဆိုတာလဲ ရာနှုန်းပြည့်မသေချာသေးကြောင်းကိုလဲ သူမက ရှင်းပြထားတာကိုတွေ့ရပါတယ်။
တောင်ကိုးရီးယားနိုင်ငံမှာ ကျောင်းလဲတက်ရင်း သရုပ်ဆောင်အလုပ်ကိုလဲလုပ်ကိုင်ရင်း ကြိုးစားနေတဲ့ သူမ ဒီလိုသတင်းတွေထွက်လာတော့ စိတ်ရှုပ်သွားမှာပါပဲ။ သတင်းအမှားတွေကို မယုံကြဖို့ သူမက လူမှုကွန်ယက်ဖေ့ဘွတ်ခ်အကောင့် ကနေသတိပေးထားပါတယ်။
ဂယ်မြောင်း တက္ကသိုလ်မှာကျောင်းတက်ရင်း MBC ရုပ်သံလိုင်းမှာ သရုပ်ဆောင်အလုပ်ကို လုပ်ကိုင်နေတဲ့လေးစားဖွယ်ညီမငယ် လှယမင်းအိမ်ကိုချစ်ကြတယ်ဆိုရင် like&share လုပ်ဖို့လဲမမေ့ကြနဲ့ဦးနော်။