သားဖြစ်သူအတွက် ရည်ရွယ်ပြီးသီဆိုထားတဲ့ အောင်ရင်ရဲ့ “အဖေ့စကား”
13 Dec 2018 1,522 Views
အနုပညာလောကထဲမှာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တဲ့ သရုပ်ဆောင် မင်းသားချောမိုးအောင်ရင်ကတော့ သူ့ရဲ့ဘ၀ကိုထောင်ထဲမှာသာ နှစ်အတော်များများကုန်ဆုံးရတော့မှာဖြစ်ပါတယ်။ လွန်ခဲ့သော ၂၀၁၆ ခုနှစ် သြဂုတ်လပိုင်းက မူးယစ်ဆေးဝါးအမှုနဲ့ အဖမ်းခံခဲ့ရတဲ့ မိုးအောင်ရင်ဟာ (၂)နှစ်တာကာလပတ်လုံးကို ရုံးချိန်းများဖြင့် စစ်ဆေးခံရင်း ကုန်ဆုံးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၆) ရက်နေ့မှာတော့ ပုစွန်တောင်တရားရုံးကနေ မိုးအောင်ရင်ကို မူးယစ်ဆေးသုံးစွဲမှုနဲ့ ထောင်ဒဏ် (၅) နှစ်ချမှတ်ခဲ့တာဖြစ်ပြီး၊ ယမန်နေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့မှာတော့ အရှေ့ပိုင်းခရိုင်တရားရုံးကနေ မိုးအောင်ရင်ကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုကြောင့် အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၁၂) နှစ်ကို ချမှတ်လိုက်ကာ စုစုပေါင်း ထောင် (၁၇) နှစ်ကျခံရတော့မှာပဲဖြစ်ပါတယ်။
ထိုသတင်းကြောင့် မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေသာမက အနုပညာရှင်ညီအစ်ကိုမောင်နှမတွေကလဲ စိတ်မကောင်းကြီးစွာဖြစ်လို့နေကြပါတယ်။ ထိုထဲမှာတော့ ဖခင်ဖြစ်သူဦးအောင်ရင်ရဲ့ ၀မ်းနည်းမှုကတော့ အကြီးမားဆုံးဖြစ်မယ်ထင်ပါတယ်။ သားဖြစ်သူရဲ့ သတင်းဆိုးကြီးကြောင့် မိဘတစ်ယောက်အနေနဲ့ ဘယ်လောက်တောင် ၀မ်းနည်းခံစားနေရမလဲဆိုတာ တွေးကြည့်လို့တောင် မရနိုင်ပါဘူးနော်…
သားဖြစ်သူကို စိတ်ခွန်အားတွေပေးနိုင်ဖို့ သီဆိုထားတဲ့ အောင်ရင်ရဲ့ “အဖေ့စကား” ဆိုတဲ့သီချင်းလေးကလဲ ရင်ထဲကိုထိလွန်းပါတယ်နော်…. မိုးအောင်ရင်အတွက် ရည်ရွယ်သီဆိုထားတဲ့ ဦးအောင်ရင်ရဲ့ သီချင်းလေးကို မျှဝေပေးလိုက်ပါတယ်။ နားထောင်ကြည့်ကြပါဦးဗျာ....