BEC-TERO TV

Justin Bieber ရဲ့ မိန်းမ Hailey Bieber ကိုအနိုင်ကျင့်ဖူးတယ်လို့ပြောလာသူ Miley Cyrus

11 Dec 2018     1,534 Views


ကမ္ဘာကျော် ပေါ့စတား ဂျက်စတင်ဘီဘာရဲ့ ဇနီးသည် Hailey Bieber နဲ့ Miley Cyrus တို့ဟာ ငယ်စဉ်ကတည်းက အသိအကျွမ်းများဖြစ်ပါတယ်။

Miley ဟာ Hailey ရဲ့အစ်မ Alaia Baldwin နဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်။ ဒါကြောင့်မို့ Hailey နဲ့ ငယ်ငယ်ကတည်းက ရင်းနှီးနေကြတာပါ။


Mieley ဟာငယ်စဉ်ကတည်းက Hailey ကိုအနိုင်ကျင့်ဖူးခဲ့တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းရဲ့ ညီမကို သူ့ညီမလိုခံစားနေရတာပါ။ ဒါကြောင့်အနိုင်ကျင့်မိတယ်လို့ ပြောထားပါတယ်။

ငယ်စဉ်က Miley နဲ့ Alaia တို့အတူကစားတဲ့အခါမှာ အငယ်ဖြစ်တဲ့ Hailey ကလဲ ပါဝင်ကစားချင်တဲ့အခါမှာ သူမတို့နှစ်ယောက်က Hailey ကိုအခန်းထဲမှာသော့ခတ်ပြီး ပိတ်ခဲ့ကြတယ်လို့ Mieley ကပြောပါတယ်။ “ငယ်ငယ်ကဆိုရင် Hailey အတွက်ကျွန်မက မိစ္ဆာမကြီးဖြစ်နေမလားပဲ။” လို့ပြောခဲ့ပါတယ်။


Miley အနေနဲ့ ညီမလေးတစ်ယောက်လို သဘောထားပြီး စနောက်တယ်ဆိုပေမယ့် Hailey အတွက်တော့ သူမကို Miley အနိုင်ကျင့်နေတယ်လို့ထင်နေဆဲပါပဲ။ Hailey တစ်ယောက် Miley ကိုတွေ့ရင်ကို သူမမျက်နှာကမကြည်မသာဖြစ်နေတာ အသိအသာပါပဲ။

Hailey Bieber နဲ့ Kendell Jenner တို့အတူပါဝင် တင်ဆက်ကြတဲ့ Carpool Karaoke မှာပြီးခဲ့တဲ့အပတ်က Miley Cyrus က guest အနေနဲ့ ပါဝင်ခဲ့ပါတယ်။ Mieley နဲ့စကားပြောတဲ့အခါမှာ Hailey တစ်ယောက်သက်တောင့်သက်သာမရှိပဲ တစ်ခုခုကို ရှိန်နေသလိုဖြစ်နေတာမျိုးတွေ တွေ့ရပါတယ်။


ပြီးတော့ Mieley က သူမဒီလို အနိုင်ကျင့်ခဲ့လို့ Hailey တစ်ယောက်အခုအချိန်မှာ လူတွေပြောဆိုသမုတ်နေကြတဲ့အပေါ် ခံနိုင်ရည်ရှိနေတာဖြစ်တယ် လို့ ပြောဆိုထားပါသေးတယ်။

Hailey ကလဲ သူမဒီလို ခံနိုင်ရည်တွေရှိနေတာ Miley ရဲ့ ကျေးဇူးတွေပါလို့ ပြောကြားခဲ့ပါတယ်။ အပင်မြင့်လေ၊ လေတိုက်လေဆိုသလိုပါပဲ သူမဟာမော်ဒယ် လောကမှာနာမည်ကြီးရုံမက နာမည်ကြီး ဟောလိဝုဒ်ပေါ့ပ်စတား ဂျက်စတင်ဘီဘာနဲ့ တွဲနေတယ်ဆိုကတည်းက သူမကိုတိုက်ခိုက်မှုတွေပိုမိုများပြားလာပါတယ်။ သူမကို မုန်းနေကြတဲ့သူအပေါ် သူမက instagram story မှာပို့စ်တင်ပြီးပြောခဲ့ပါတယ်။


“I won’t let people make me feel like I’m doing something wrong by enjoying my own life and being happy” လို့တင်ခဲ့တာပါ။ ဆိုလိုတာက ယခုအချိန်မှာ သူမရရှိထားတဲ့ ဘဝကိုလက်ခံပျော်ရွှင်နေတာဖြစ်တဲ့အတွက် လူတွေအားလုံးက မှားတယ်ပြောရုံနဲ့ သူမကိုမပြောင်းလဲသွားနိုင်ပါဘူး။ ကိုယ်နေပျော်သလိုနေတာဘာများမှားသွားလို့လဲ ဆိုတဲ့သဘောပဲဖြစ်ပါတယ်။


11 Dec 2018     1,534 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS